မရှင်းဖြစ်တာကြာတဲ့သူတို့နှစ်ယောက်ရဲ့အိပ်ခန်းလေးကိုJaeminသန့်ရှင်းရေးလုပ်နေသည်။
နံရံမှာကပ်ထားတဲ့မြတ်နိုးစရာအမှတ်တရတွေရဲ့သင်္ကေတဖြစ်တဲ့polariodလေးတွေကိုလည်းသူအကြာကြီးရပ်ကြည့်နေမိသေးသည်။
နောက်ဆုံးရိုက်ခဲ့တာဘယ်တုန်းကလည်းပြန်ကြည့်တော့ လွန်ခဲ့တဲ့နှစ်နှစ်ကChristmasတုန်းကပဲ။
အဲ့ဒီတုန်းကJaeminကိုJenoကမေးခွန်းဆန်ဆန်စကားတချို့ပြောခဲ့တာကအတွေးထဲကိုချက်ချင်းဝင်လာခဲ့သည်။
"Nana "
"ဟုတ်"
"ဘယ်လိုလေးတုန်း ကလေးလိုပြောနေတာက"
JenoကသဘောတကျပြုံးကာJaeminပါးလေးကိုဆွဲရင်းပြောသည်။
"ဘာလဲကွာ"
JaeminကJenoပုခုံးကိုတွန်းပြီး ရွဲ့သလိုပြန်စတော့
Jenoမှာပို၍သဘောကျတော့သည်။"ဟော မင်းကသိပ်ကဲတာပဲကွယ်"
Jenoရယ်တော့လည်းJaeminကမြတ်နိုးစွာလိုက်ရယ်မိတော့တာပဲ။
တခါတလေတော့လည်းလေ Jaeminမှာဆန္ဒတစ်ခုရှိမိသည်။
မွေးဖွားလာတာအတွက်မဖြစ်မနေအကြောင်းပြချက်တစ်ခုရှိရမယ်ဆိုရင် သူ့အတွက်တော့ Lee Jenoပျော်ရွှင်စေဖို့ဆိုတာပဲဖြစ်ချင်မိတယ်။
ရှင်းရှင်းပြောရရင် Lee Jenoရဲ့ပျော်ရွှင်ခြင်းကိုဖန်တီးပေးနိုင်မယ့်Na Jaeminပေါ့။"ငါဒီနှစ်Chirstmasမှာဘာဆုတောင်းလဲသိလားJaemin"
"မသိဘူးလေ မင်းကတိတ်တိတ်လေးတောင်းတာကို"
"မင်းမို့လို့ပြောပြမယ်နော်"
မင်းမို့လို့....
အဲ့ဒီစကားကိုJenoဆီကကြားရတိုင်းJaeminစိတ်ထဲပျော်သလိုလို ကိုယ့်ကိုကိုယ်ဂုဏ်ယူသလိုလို။
မင်းမို့လို့ဆိုထဲကJenoဟာJaeminဖြစ်နေလို့သာ၊
Jaeminကိုသာ၊Jaeminအတွက်သာဖြစ်နေတာမျိုးမဟုတ်လား။"ငါ့ဆုတောင်းကလေ Jaeminရဲ့
ရိုးတော့ရိုးရှင်းတယ် ဒါပေမယ့် မရိုးရှင်းပြန်ဘူး""လာပြန်ပါပြီ
Lee Jenoရဲ့မရှုပ်မရှင်းစကားတွေ""ဟုတ်တယ်ဆို"