When Love Lasts - (2)

80 12 0
                                    

စိတ်နည်းနည်းပင်ပန်းနေတာကြောင့်ခြေလက်မြန်မြန်ဆေးပြီးအနားယူဖို့အခန်းထဲဝင်လာတော့တွေ့လိုက်ရတာကသူ့ရှိပြီးသား ryanအရုပ်လေးထက်သုံးဆလောက်ပိုကြီးသည့်ryanအရုပ်ကြီးရယ်ခေါက်ထားတဲ့ပန်းရောင်စာရွက်ရယ်။

"Nana..."

Jenoကသူ့ကိုသိပ်မခေါ်ဖြစ်တော့တာမို့ ဒီစကားလုံးလေးတွေနဲ့တင်Jaeminရင်ထဲသိမ့်တုန်လာရသည်။

"ဟိုတစ်ညအရမ်းအေးတုန်းကလေ
ငါအိပ်မပျော်လို့မင်းဘက်ကိုလှည့်ကြည့်နေမိသေးတယ်..."

၅နှစ်ပြည့်အတွက်စာစောင်ကဖွဲ့ဖွဲ့နွဲ့နွဲ့စကားလုံးတွေနဲ့မစဘဲရိုးရိုးဖြစ်စဥ်လေးနဲ့စသည်။

"မင်းငါ့ကိုကျောခိုင်းပြီးအိပ်နေပေမယ့် မင်းလည်းအရမ်းအေးလို့ryanပိစိကိုဖက်ထားတယ်ဆိုတာငါသိသားပဲ~

အဲ့ဒီအရုပ်လေးကတကယ်ကြာပြီနော်~ငါတို့ချစ်သူတွေမဖြစ်ခင်ထဲကမလား။

မင်းကြိုက်မှန်းသိလို့ မင်းမွေးနေ့အတွက်ryanအကြီးကြီးဝယ်ပေးချင်ပေမယ့် လက်ထဲမှာစုထားတဲ့မုန့်ဖိုးကသိပ်မများတော့ အသေးလေးပဲဝယ်ပေးလိုက်ရတာ~အဲ့အတွက်ငါစိတ်မကောင်းဖြစ်ခဲ့ရတယ်

ဒါပေမယ့်တော်ပါသေးတယ်
မင်းကအရမ်းသဘောကျပေးတယ်လေ ~

အခုတော့မရတော့ဘူး မင်းကလူကောင်ကြီးပြီးryanကပိုသေးသေးလေးဖြစ်သွားပြီ ဟီးဟီး
အဲ့တာကြောင့်၅နှစ်ပြည့်လက်ဆောင်အနေနဲ့ryanအကြီးကြီးဝယ်ပေးလိုက်ပြီ
စိတ်ကြိုက်သာဖက်အိပ်တော့ ဟုတ်ပြီလား

ပြီးတော့....

မပြောရတာကြာလို့နည်းနည်းရှက်နေပေမယ့်လေ

ဟဲ ဟဲ

အများကြီးချစ်တယ်နော် ငါ့ရဲ့Nanaလေး
အများကြီး အများကြီးကိုချစ်တယ်

ကဲ...စာလည်းဆုံးပြီဆိုတော့ အောက်ဆင်းခဲ့တော့
အပြင်မှာတစ်ခုခုသွားစားကြမယ် "

အမှန်တကယ် Jenoအချိန်ပေးပြီးစီစဥ်ထားခဲ့သည်။Jaeminသူ့လက်ဆောင်ကိုမြင်ပြီးစာကိုဖတ်ပြီးရင် Jaeminကိုခေါ်ပြီး Jaeminကြိုက်တဲ့စားသောက်ဆိုင်မှာDinnerစားဖို့ဖြစ်သည်။
Jaeminကလည်းအခုမှသဘောပေါက်သွားသည်။
သို့သော်အချိန်တွေနှောင်းခဲ့ပြီ။

When Love LastsWhere stories live. Discover now