" "
Jenoစကားကိုအားတင်းနားထောင်ပြီးချိန်လေးမှာပဲ သူ့နားကဖုန်းကမြည်လာသည်။
"ကိုင်လိုက်လေ Jaemin"
သခင့်ရဲ့ဘယ်အမိန့်မဆို လိုက်လုပ်နေမိတဲ့ကျေးကျွန်တစ်ယောက်လို မကိုင်ဘူးလုပ်ထားတဲ့ဖုန်းကိုJaeminယူကြည့်တော့Youngjun။
Contactမှာနာမည်နဲ့မှတ်ထားတာမို့ Jenoလည်းသေချာမြင်မှာပါပဲ။
"ကိုင်လေ"
"ဟင်အင်း ငါမကိုင်တော့ဘူး"
အမှန်အကန် Jaeminစိတ်အခြေအနေကYoungjunနဲ့ဖုန်းပြောနိုင်မည့်အခြေအနေမှမဟုတ်ဘဲ။
"ဘာလို့လဲ Jaeminရဲ့
ငါ့ထက်ပိုပြီးပျော်အောင်ထားနိုင်တဲ့သူရဲ့ဖုန်းကိုဘာလို့ မကိုင်ရတာလဲ"Jaeminအနည်းငယ်တော့လန့်သွားရသည်။ဟုတ်မလားတော့ခန့်မှန်းထားမိပေမယ့် အဟုတ်အမှန်Jenoကသူနဲ့Youngjunနဲ့အကြောင်းသိနေတော့လည်းလန့်ရသည်။
ဒါပေမယ့်လေ Jenoကဒီမေးခွန်းကိုမေးတဲ့အချိန်မှာ ဒေါသထွက်ခြင်း၊ရွဲ့ခြင်းတစိုးတစိ မပါဘဲ
အေးအေးဆေးဆေးနှင့်Jaeminကိုကြည့်ပြီးမေးနေတာ။အဲ့ဒါကပဲ Na Jaeminအတွက် Lee Jenoရဲ့ကြောက်စရာအကောင်းဆုံးပုံစံဖြစ်နေခဲ့တာ။
"မင်း သိနေခဲ့လား Jeno..."
JaeminလေသံတွေကJenoကြားရလောက်ရုံကိုတိုးတိုးလေး။
"အင်း....ငါသိနေခဲ့ပါတယ်
ပြီးတော့... ငါမြင်လည်းမြင်ခဲ့မိတယ်""ငါအမြတ်တနိုးတန်ဖိုးထားရတဲ့နှုတ်ခမ်းဖူးလေးကိုအဲ့ဒီတစ်ယောက်ကကြမ်းကြမ်းတမ်းတမ်းပိုင်စိုးနေခဲ့တာ"
"ပြီးတော့....
မင်းကလည်း သူ့လှုပ်ရှားမှုတွေအတိုင်းစီးမြောနေခဲ့တာ
ဒါငါမင်းကိုလိုက်ချောင်းကြည့်တာမဟုတ်ရပါဘူးနော် ငါ့အသိအစ်ကိုကပြောစရာရှိလို့ဆိုပြီး *** Barကိုခေါ်တော့အမှတ်မထင်မြင်သွားခဲ့ရတာ"
Lee Jenoဆိုတဲ့အရူးလိုလူဟာ Jaeminကတစခြားတစ်ယောက်နဲ့နမ်းတာကိုမြင်မိတာတောင်
လိုက်ချောင်းတယ်လို့Jaeminအထင်လွဲမှာစိုးလို့ရှင်းပြနေသေးသည့်အရူးဆုံးလူ။