ZawGyi (ရှူးဖိနပ်ပိုင်ရှင်ထံတွင်ကျရှုံးခြင်း)
နောက်ကျောဘက်ကို လှည့်ကြည့်လိုက်တာမို့ ထိုလူနဲ့သူကမျက်နှာချင်းဆိုင်အနေအထားဖြစ်သွားတော့သည်။ မျက်နှာထားတင်းတင်းနဲ့ သာမန်မဟုတ်တဲ့အကြည့်တွေက ရှောင်းကျန့်လိုလူအပေါ်မှာတောင် အနည်းငယ်တော့လွှမ်းမိုးမှုရှိနေတယ်လို့ပြောလို့ရတယ်။
ဝတ်ဆင်ထားတဲ့ အနောက်တိုင်းဝတ်စုံရဲ့အရှိန်ကြောင့် လူကြီးလူကောင်းတစ်ယောက်ပုံပေါက်နေပေမယ့်လည်း မျက်နှာကိုတစ်ချက်ကြည့်လိုက်တာနဲ့ ငယ်ရွယ်လွန်းမှန်းသိသာနေတယ်။
သူပြောလိုက်တဲ့စကားတွေကို သေချာပေါက်ကြားသွားပုံရတော့ ဒေါသထွက်နေတာလားဆိုပြီး အကဲခတ်လိုက်မိပေမယ့် ထိုလူငယ်လေးရဲ့မျက်နှာကဘာကိုမှခန့်မှန်းလို့ရမနေတာမို့ တကယ်ပဲဒီကလူတွေပြောသလို တော်ယုံမဟုတ်မှန်းသိလိုက်ရတယ်။
အခုအချိန်အထိ တစ်ဖက်လူရဲ့ခနဲ့သလိုမေးခဲ့တဲ့ အမေးကိုဘာပြန်ပြောရမလဲမသိလို့ ရှောင်းကျန့် နှုတ်ဆိတ်နေမိတယ်။ ဒီအခြေအနေကြီးက တော်တော်လေး ဘေးကျပ်နံကျပ်ဖြစ်စရာကောင်းနေတာတော့အမှန်ပဲ။ ဘေးကလူတွေရဲ့မျက်နှာတွေကတော့ တကယ့်ကိုပွဲကြီးပွဲကောင်းတစ်ခုကိုကြည့်ရတော့မှာမို့ အရမ်းကိုစိတ်အားတက်ကြွနေလေရဲ့...
သူ့ကိုခြေဆုံးခေါင်းဆုံးသေချာကြည့်ပြီးနောက် သူရှိရာကိုဦးတည်ပြီးလာနေတဲ့လူကြောင့် လက်ထဲမှာကိုင်ထားခဲ့တဲ့ ဝိုင်ခွက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိသည်။
ရဲမှူးချုပ်ဆိုပြီး လူကြားထဲမှာသူ့ကိုအကြမ်းတော့ထမဖက်လောက်ဘူးမလား...
သူရပ်နေမိတုန်းမှာပဲ သူတို့လက်ရှိရောက်နေတဲ့ လေသာဆောင်ထဲကိုတစ်လှမ်းချင်းလျှောက်ကာဝင်လာနေတဲ့ လူငယ်လေးရဲ့ပုံက တကယ့်ကိုအရှိန်အဝါတွေဖြင့်လွှမ်းခြုံနေသည်။ ခန့်မှန်းမရနိုင်တဲ့တစ်ဖက်လူရဲ့ပုံကြောင့် ခန္တာကိုယ်က အလိုအလျောက် အသင့်အနေအထားဖြစ်လို့သွားတော့သည်။
CITEȘTI
HATE CATASTROPHE
Fanfictionအငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုနှစ်သိမ့်ဖို့ရာ ဘာတွေလိုအပ်နိုင်မလဲ? အငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုနှစ်သိမ့်ဖို့ရာ ဘာတွေလိုအပ်နိုင်မလဲ? ⚠️This fiction contains Too Much Violent, Horror Scenes and The Whole Story may be suffocate for viewers, also not app...