Chapter Eighteen

3.1K 402 23
                                    

ZawGyi (နောက်ဆုံးခရီး)

ရှောင်းကျန့်ပြန်နိုးလာတဲ့အချိန် ပတ်ဝန်းကျင်တစ်ခုလုံးက အေးစက်ကာ တိတ်ဆိတ်ငြိမ်သက်ပြီးမှောင်မဲလို့နေတယ်။ ခေါင်းထဲမှာဗလာနတ္တိနဲ့ ဘာ​တွေဖြစ်​နေမှန်း သေချာမသိတော့ဘဲ အရမ်းကိုကြောက်​နေတာပဲသိတယ်။ အိမ်တော်ထဲမှာလည်း သူဘယ်လောက်ခေါ်ခေါ် ပြန်ထူး​ပေးမယ့်လူတစ်ယောက်မှရှိမနေခဲ့ဘူး။

သူ့မှာခန္ဓာကိုယ်ဆိုတဲ့အရာမရှိတော့ဘဲ အငွေ့သက်သက်ကိုပဲခံစားနေရတယ်။ အဲဒီခံစားချက်ကအရမ်းကိုထိတ်လန့်စရာကောင်းလွန်းတယ်။ နောက်မှတစ်ဖြည်းဖြည်းချင်း ဖြစ်ပျက်ခဲ့တာ​တွေကိုပြန်သတိရလာခဲ့တာ။

'ဒါဆိုအခုသူသေသွားပြီးပြီပေါ့'

ပထမနှစ်တွေအတွင်းမှာ အိမ်ကြီးထဲမှာတစ်ယောက်တည်းဖြစ်နေခဲ့တဲ့ ရှောင်းကျန့်က အရမ်းကိုကြောက်ရွံ့ခဲ့ရတယ်။ အပြင်ကိုထွက်လို့ရမလားဆိုပြီး ခဏခဏကြိုးစားပေမယ့်လည်း အချည်းနှီးသားဖြစ်ခဲ့ပြီး အိမ်ထဲမှာပဲပိတ်မိနေခဲ့တယ်။ ဒီလိုဘာမှလုပ်မရဘဲ မကျွတ်မလွတ်ဘဝကြီးနဲ့သူတကယ်မနေချင်ဘူး။

တစ်စတစ်စနဲ့ ငါးနှစ်ကျော်ကြာပြီးတဲ့နောက်မှာတော့ ဝမ်ရိပေါ်နဲ့သူ့မယားငယ်အ​ပေါ်မှာထားရှိတဲ့ သူ့ရဲ့အမုန်းတွေက ပိုပိုကြီးထွားလာရတယ်။ အဲဒီအမုန်းတွေကအင်အားကြီးလာတဲ့အခါ စွမ်းအားတွေအဖြစ်ပြောင်းလဲသွားပြီး တစ်ချို့သောအရာတွေကိုသူလုပ်လာနိုင်ခဲ့တယ်။

ဥပမာအရင်ကဆို တစ်ခါတစ်​လေ​နေ့လည်တွေမှာ သူ့အိမ်တော်ထိန်းရဲ့မိသားစုဝင်တစ်ချို့က အိမ်ကြီးကိုလာရောက်သန့်ရှင်းရေးလုပ်တဲ့အချိန်မျိုး​​ဆို သူရှိနေတာကိုပြသလို့မရခဲ့ပေမယ့် ​နောက်ကျတော့အသိပေးလို့ရလာခဲ့တယ်။

နောက်ပြီး လူတွေရဲ့အိပ်မက်ထဲတွေဝင်ရောက်လာနိုင်သလို သူလိုသလိုခိုင်းစေတာမျိုးတွေလုပ်လို့ရလာနိုင်ခဲ့ရင်းက နောက်ဆုံးမှာအရာဝတ္တုတွေနဲ့ လူတွေကိုပါထိတွေ့ကိုင်တွယ်လို့ရလာနိုင်တဲ့အဆင့်အထိ​ရောက်လို့လာတယ်။

အဲဒီလိုဖြစ်လာဖို့အတွက်ဒီအတိုင်းလွယ်လွယ်ရခဲ့တာတော့မဟုတ်ဘဲ ခက်ခက်ခဲခဲနဲ့ သူအများကြီးလေ့ကျင့်ယူခဲ့ရတာ။ ဒါပေမယ့်အရာအားလုံးကို ဝမ်ရိပေါ်ကိုမုန်းတဲ့စိတ်နဲ့သည်းခံနိုင်ခဲ့တယ်။

HATE CATASTROPHE  Where stories live. Discover now