ZawGyi (ချစ်ခြင်းများဖြင့်ဖွဲ့သီအပ်သော)
ရန်အိမ်တော်မှာကျင်းပတဲ့ပါတီပွဲအပြီး တစ်ပတ်လောက်ကြာသွားတဲ့အခါမှာတော့ ကိုယ့်အလုပ်နဲ့ကိုယ်မအားလပ်တဲ့ ရှောင်းကျန့်က အဲဒီနေ့ကကိစ္စကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားရတယ်။ အုပ်ချုပ်သူအပြောင်းအလဲဖြစ်သွားတဲ့အပေါ်မှာ သူ့လုပ်ပိုင်ခွင့်တွေပြောင်းလဲသွားတာမျိုးလည်းမရှိခဲ့ဘူး။
ဒီနေ့သူ့ရဲ့စပျစ်သီးစိုက်ခင်းတွေထဲကို သွားစစ်ဆေးပြီး ညနေဘက်မှ အိမ်တော်ကိုပြန်ရောက်လာခဲ့သည်။ စပျစ်သီးစိုက်ခင်းက သူ့ရဲ့ဝိုင်ထုတ်လုပ်တဲ့လုပ်ငန်းအတွက် အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ နောက်ဆိုပြည်တွင်းဈေးကွက်တင်မကပဲ နိုင်ငံခြားတင်ပို့နိုင်ဖို့အထိပါ ရှောင်းကျန့်ကကြိုးစားနေတာ။
"ပြန်ရောက်ပါပြီလား သခင်ကြီး"
"အင်း"
"ချိုးရေအဆင်သင့်ပြင်ပေးထားပါတယ်"
"ရေချိုးပြီးတာနဲ့ ညစာစားမယ်"
"ပြင်ဆင်ထားလိုက်ပါ့မယ်"
ပြောပြီးတာနဲ့အပေါ်ထပ်က သူ့အခန်းဆီကိုရှောင်းကျန့်တက်လာခဲ့လိုက်သည်။ ရှောင်းကျန့်အခန်းက လှေကားရဲ့ဘယ်ဘက်ကိုချိုးပြီးသွားရင် ထောင့်ဆုံးကအခန်းဖြစ်တယ်။
သူ့အခန်းက ပင်မအိပ်ခန်းမဟုတ်ဘဲ သူငယ်ငယ်လေးကတည်းကနေခဲ့တာဖြစ်ပြီး အခန်းပြတင်းပေါက်ကကြည့်ရင် ဥယျာဉ်ထဲကိုလှမ်းမြင်နေရတာမို့ အစွဲအလန်းကြီးတဲ့ရှောင်းကျန့်က ဒီအခန်းမှာပဲဆက်နေဖြစ်တာ။ ပုံမှန်ဆိုအိမ်တော်သခင်ဖြစ်သွားရင် အရင်ကပါးနဲ့မားနေခဲ့တဲ့ အခန်းထဲကိုပြောင်းရမှာ။
ညစာစားပြီးတဲ့အချိန် လုပ်နေကျအတိုင်းပဲခြံထဲမှာလမ်းခဏလျှောက်ပြီးနောက် ထိုင်နေကျလှုပ်ကုလားထိုင်မှာဝင်ထိုင်ရင်း ဆေးပေါ့လိပ်ကိုဖွာနေလိုက်သည်။
ဆေးတံတို့ စီးကရက်တို့မကြိုက်တဲ့ရှောင်းကျန့်က ဆေးပေါ့လိပ်ပဲသောက်လေ့ရှိတယ်။
"မနက်ဖြန်ပွဲတစ်ခုတက်ဖို့အတွက် ဖိတ်စာတစ်စောင်ရောက်နေပါတယ် သခင်ကြီး"
![](https://img.wattpad.com/cover/284706389-288-k273513.jpg)
YOU ARE READING
HATE CATASTROPHE
Fanfictionအငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုနှစ်သိမ့်ဖို့ရာ ဘာတွေလိုအပ်နိုင်မလဲ? အငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုနှစ်သိမ့်ဖို့ရာ ဘာတွေလိုအပ်နိုင်မလဲ? ⚠️This fiction contains Too Much Violent, Horror Scenes and The Whole Story may be suffocate for viewers, also not app...