Ep1

99 5 2
                                    

ဒေါနပန်းခင်းမှသင်းကြိုင်သောရနံ့သည်အ‌ေမှာင်ထုမှ‌ေန၍ဟန့်ကိုဦးစွာထွေးပွေ့ထားကြသည်။
သို့သော်ဟန်သည် တယုတယပျိုးခဲ့သောပန်းခင်းကိုစေ့စေ့ပင်မကြည့်ဝံ့။ပေါ်လာအံ့နိုးနိုးဖြင့်ငါတို့ရဲ့သခင်မဘယ်မှာလဲဟု အော်မေးနေသယောင်ထင်ရ၍ဖြစ်သည်။
တစ်ဖန် ပုန်းကွယ်နေသောသတ္တိတို့ကိုကိုယ်တွင်းမှပင့်ဆောင်ကာ ဒေါနပန်းခင်းကြီးအားငေးမောမိ၏။
ဒေါနပန်းတွေရဲ့အဓိပ္ပါယ်ကခွဲခွာခြင်းတဲ့နွေရဲ့ဘာကြောင့်များဒေါနပန်းတွေစိုက်ခိုင်းခဲ့သလဲမောင်တော့အခုခါမှနားလည်ခဲ့ရတာသိပ်ရီစရာမကောင်းဘူးလားနွေ။

ဟန့်၏မျက်ဝန်းများစိုစွတ်လာသည်။
ဖြိုင်ဖြိုင်ကျတော့မည့်မျက်ရည်များကိုဖုံးကွယ်ရန် မျက်လွှာကိုအသာချကာ ပန်းခင်းစီမှထွက်လာခဲ့သည်။

ကျောက်များအစီအရီဖြင့်ကာရံပုံသွင်းထားသောမြေနီလမ်းတစ်လျှောက် လှမ်းရင်းကန်ဘောင်ထိပ်တက်ခဲ့မိပြန်သည်။
ကန်ဘောင်ထက်အစီအရီစိုက်ထားသော စံကားဖြူပန်းတို့က ဟန့်ကိုလှောင်ရယ်နေကြသလို ပင်လုံးပြည့်ပွင့်နေကြပြန်တော့ ဆံထုံးရှင်ထိုအမျိုးသမီးကိုလွမ်းစိတ်တို့ဖြေမရနိုင်ဖြစ်စေသည်။

စံကားဖြူပင်အောက်ခြေဆင်းထိုင်ကာ ကန်ဘောင်မှလာသောလေနုအေးကိုတစ်ဝကြီးခံစားလိုက်သည်။
ခက်သည်က ရင်ထဲကအပူမီးမှာငြိမ်းမသွားခြင်းပင်။
ရေပြင်ထက်ငေးမိပြန်တော့ ကြာလင်ပန်းရွက်များကလိုင်းကြက်ခွပ်တွေကြားတစ်ရွေ့ရွေ့ကမ်းဘက်စီသို့ပြေးလာနေကြသည်။
တစ်ချိန်ကကျက်သရေရှိစွာ အလှဆံုးပွင့်လန်းခဲ့သာကြာပန်းဖြူဖြူတွေမှာလဲ ရေပြင်ထက်ပွင့်ဖက်ဖြူဖြူအဖြစ်‌သာရှိတော့သည်။

ဟန်သည်ပျော့ညံ့သည့်လူတစ်ယောက်မဟုတ်။သို့သော်ဟန်ငိုချင်သည်။
ဆယ်‌ေကျာ်သက်အရွယ်အသဲကွဲလို့ငိုကြွေးရခြင်းမရှိခဲ့ဘဲနှင့်အရိုးရင့်ကာမှ အသဲကွဲသည်ဟူသောဒဏ်ရာကိုအလူးအလဲခံစားနေရသည်မဟုတ်ပါလား။

မြက်ခင်းစိမ်းစိမ်းတွင်ဟန်လှဲချလိုက်သည်။
အေးချမ်းသည်။ မည်သည့်အပူအပင်မျှသာမရှိခဲ့ဘူးဆိုရင် ဒီဘဝသည်အမှန်ပင်အေးချမ်းလွန်းသည်။
ညအမှောင်တွင်တစ်လက်လက်အလင်းပေးနေသော ကြယ်များကို ဟန်ရေတွက်လို့နေသည်။
ထို့နောက်သီချင်းငြီးသည်။
**‌ေလညှင်းလေးတိုက်ခတ်သွားသလို ......တိမ်တွေပေါ်လမ်းလျှောက်ရသလို.....ရှည်လျားတဲ့ညအိမ်မက်လို .....ဒဏ္ဍာရီလိုမင်းနဲ့တွေ့ချိန်ဆို......**

တေး(Till)Where stories live. Discover now