အပိုင်း3

18 4 1
                                    

"အစ်မ"
နွေ့အနောက်ဘက်စီမှ ခပ်ဩဩအမျုိးသမီးအသံကြောင့်
လှည့်ကြည့်မိစဉ်  အနက်ရောင်ကချင်လုံချည်ဝမ်းဆက်ဖြင့်လက်ထဲ၌စာအိတ်ညိုညိုနှင့်ခပ်ငယ်ငယ်မိန်းကလေးတစ်ဦး

"နွေ့ကိုခေါ်လိုက်တာလား"
အမှန်တကယ် အစ်မကသိပ်ကိုအူယားစရာပင်
သူ့ကိုတည့်တည့်ကြည့်ပြီးခေါ်နေတာတောင်မှ သူ့ကိုလားဆိုပြီးအူကြောင်ကြောင်ရုပ်ကလေးနှင့်ပြန်မေးနေသေးတာမို့ရိုးရာဟန်မှာအသဲယားစွာဖြင့် ရယ်မိရသေးသည်
"ဟုတ်တယ်ရှင့်အစ်မကိုခေါ်နေတာ"
"ရော့ အစ်မဟာ"
ရိုးရာဟန်မှာလွယ်အိတ်ထဲအမြဲဆောင်ထားမိသောစာအိတ်ညိုညိုကိုကမ်းပေးလိုက်သည်။
အမှန်ပင်ထိုအမျိုးသမီးကိုလွမ်းနေခဲ့သည်မှာ
တစ်ပတ်ပင်ကျော်သွားခဲ့ရပြီဖြစ်သည်
တွေ့လုနိုးနိုးနှင့်တစ်ခါမျှ မပတ်ခဲ့ဖူးသောကျောင်းကိုလဲ
နေ့တိုင်းပင်အတန်းပျက်ကာပတ်၍ ကံ့ကော်ရှင်အမျိုးသမီးကိုရှာခဲ့ရသေးသည်
တွေ့မည့်တွေ့တော့လဲမထင်ထားတဲ့အချိန်မှာမှတွေ့ရ
သည်မို့။
-------------------------------------------------------------------

ကျောင်းသားရေးရာ၌ ချမ်းမြေ့ကစာအုပ်ဝယ်မည်ဟုဆိုသောကြောင့်မလိုက်ချင်လိုက်ချင်လိုက်ခဲ့ရာမှ
နောက်တစ်ဖန်တွေ့ဆုံဖို့အရေးမဖြစ်နိုင်ဟု
ထင်မိခဲ့သောအစ်မကိုနောက်တစ်ကြိမ်ပြန်ရှာတွေ့သည်
လူအများကြီးကြားမှထင်းထွက်နေသောအစ်မ၏အလှကြောင့် နှစ်ပတ်မှျငြိမ်သက်‌ေနခဲ့သော
ရိုးရာဟန်၏နှလုံးခုန်သံတို့မှာ ယခုအခါတွင်မှ ကုလားဘုရားလှည့်သည့်သဖွယ် ဖြစ်ရပြန်ပါသည်။

ကံ့ကော်တွေ...
ဟုတ်သည်အစ်မကိုမြင်တိုင်းကံ့‌ေကာ်တွေနှင့်တွဲမြင်ရသည်
ဒီနေ့လဲအစ်မကကံ့ကော်တစ်ပွင့်ကိုဆံနွယ်ထက်နေရာပေးထားပြန်သည်။
လွယ်အိတ်ထဲတစ်ယုတစ်ယအမြဲသိမ်းထားခဲ့တဲ့ အစ်မရဲ့
ကံ့ကော်။ အချိန်ကျော်သွား၍နွှမ်းလျှခဲ့ပေမဲ့ ရနံ့မှာတော့ကံ့ကော်ဖြစ်ကြောင်းသက်သေပြနေသေးတာမို့စာအိတ်ညိုညိုထဲထည့်ကာအခုထက်ထိသိမ်းထားမိသည်ကဘဲကံကောင်းသည်ဟုပြောရမလား
အနည်းဆုံးတော့အစ်မကိုတွေ့ဖို့ရန်အကြောင်းပြချက်ရှိသေးသည်လေ..

တေး(Till)Where stories live. Discover now