နံနက်ခင်းသို့ရောက်သည်နှင့် ရိုးရာဟန်မှာမိမိ၏မူပိုင်အပြုံးများကိုဆင်မြန်းကာ ခြံထဲသို့ဆင်းသည်။
မနေ့ညကအလူးအလဲငိုကြွေးခဲ့သည်မှာသူမဟုတ်သည့်အလား ဟန်ဆောင်ကောင်းလေသောသူသာဖြစ်သည်။ပြုံးနေသည်။သို့ေသာ် ဟန် မပျော်နိုင်ပါ ဧကန်စင်စစ်နွေ့ကိုပေးထားသောဂတိကိုသူတည်မြဲေအာင်ကြိုးစားေနခြင်းသာဖြစ်သည်။
"ဘကြီးညို"
အိမ်အရှေ့မှ စံပယ်ရုံများကိုရေလောင်းနေသောဘကြီးညိုက ရေပိုက်ကြီးကိုချကာ ဟန့်စီအပြေးကလေးလာ၏"ပြောလေသမီးဟန်"
"ဟိုဟာ ဟန် နောက်ရက်ကြရန်ကုန်ပြန်ဆင်းချင်တယ် အဲ့တာ ကားလေးစီစဉ်ပေးနိုင်မလားလို့ပါ""အဲ့တာဆိုဘကြီးညို ခင်မောင်ကိုပြောပြီးသားပါ
သမီးသွားမယ်ဆိုတာနဲ့အသင့်ဖြစ်အောင်""ကျေးဇူးပါဘကြီးညို"
ဟန်ထိုနေရာကိုမပြန်ချင်ပါ သို့သော် ဟန့်ကိုမျှော်နေတဲ့ဖွားဖွားကြီးစီတော့အရောက်သွားရပြန်အုံးမည်။
ဖွားဖွားကြီးသည် အလွန်ပင်ေခါင်းမာလွန်းသည်။
ဟန်ကုပေးမှ နေမကောင်းတာသက်သာသည်ဟုချည်းပြောကာအနားမှာခေါ်ထားတက်သည်။
စင်စစ် ရိုးရာဟန်သည် နှလုံးအထူးကုဆရာဝန်တစ်ယောက်ပင်ဖြစ်သည်။
သို့သော် ဟန်သည် မိမိတန်ဖိုးထားရသောထိုအလုပ်ကိုလဲမခုံမင်နိုင်တော့။
မိမိနှလုံးသားမှဒဏ်ရာကိုတောင်ပျောက်ေအာင်မကုသနိုင်သော ခပ်ညံ့ညံ့ဆရာဝန်တစ်ယောက်တည်းဟုခံယူကာ နေသည်။အိမ်ပြန်လမ်း...
ဟုတ်ပါရဲ့ ဟန်သည် အိမ်မမြည်သောအိမ်သို့အရောက်ပြန်နေရသည်။
ပြင်ဦးလွင်ဟူသည့်အတိုင်း ဆောင်းအရောက်တွင် မြူများတဖွဲဖွဲကျလို့နေ၏။
ဟန်သည် ကားမှန်ကိုချကာ အပြင်ဘက်သို့ငေးကာလာ၏
ဟန်သည်မြူကျသောရနံ့ကိုနှစ်သက်သည်။
မျက်နှာထက်ဝယ်စင်လာသော နှင်းစက်အေးအေးလေးတွေကိုလဲသဘောကျမိသည်။
ထို့အပြင်စိမ်းလဲ့လဲ့ စိုက်ခင်းများအားကြည့်ရသည်ကိုလဲဟန်နှစ်ခြိုက်မိသည်။"မမလေးဟန်"
ကားမောင်းနေသော ကိုခင်မောင်၏ေခါ်သံကြောင့်သတိကပ်ကာ နောက်သို့ပြန်မှီလိုက်သည်။
"ကျွန်တော် တံခါးပိတ်လိုက်မယ်နော် လေကအေးတော့မမလေးဟန် ဟိုရောက်ရင်နေထိုင်မကောင်းဖြစ်လိမ့်မယ်ဗျ"
YOU ARE READING
တေး(Till)
Romanceစိတ်ကူးယဥ်သက်သက်ဖြင့်အမျိုးသမီးနှစ်ဦး၏ ချစ်ခြင်းကိုနူးညံ့စွာပုံဖော်ထားသည်မို့.....