အပိုင်း၄
အတိတ်တွေကလုံလောက်တဲ့အနာဂတ်ဖစ်နေတာမို့ အသက်ရှင်ဖို့ကိုလက်လျော့ဖို့မတွေးခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်
နွေရွက်ဝါဆိုတဲ့အမျိုးသမီးဟာ ရိုးရာဟန်အတွက် တော့လက်လွှတ်ဖို့မဖြစ်နိုင်တဲ့ လက်မလွှတ်ချင်တဲ့ခပ်ေဆွးေဆွးအတိတ်။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ပတ်ဆိုသောကာလသည် နွေရွက်ဝါဟူသည့်နာမည်တစ်ခုထဲကိုအားထားပြီးရှာရသည့် ရိုးရာဟန်အတွက် ခက်ခဲသည်ဆိုပေမဲ့ ချစ်မိနေသူပီပီ အရအမိတော့ရှာတွေ့ခဲ့သည်
ရိုးရာဟန်မှာယခုအခါတွင်မှ ယောင်္ကျားလေးသူငယ်ချင်းများ ရီးစားရရန်ပိုပန်းနေရသလိုမိမိအဖြစ်ကိုရယ်ချင့်စဖွယ်ဖြစ်ရသည် အမှန်ပင် အတန်းထဲမှရွာဇော်ဟုခေါ်ကြသော သူရစိုးလွင်ဟူသောသေကာင့်သားအား အဆောင်ခတစ်လစာခံမည်ဟုပြောကာ နွေ့အကြောင်းအမိအရစုံစမ်းခဲ့ရသည်မဟုတ်ပါလား
နွေဟာ တိတ်တိတ်ဆိတ်ဆိတ်ငြိမ်သက်နေသောရေပြင်နှင့်တူသည် ထူးထူးခြားခြားသိခဲ့ရသည်များလဲမရှိ
ချောသည်လှသည်ဟူသောအချက်မှာတော့ရိုးရာဟန်ကိုယ်တိုင်အသိဆုံးသော စကြင်္ာဝဠာအမှန်တရားသာ
ထိုအလှတရားကြောင့်လဲ ယောင်္ကျားသားအတော်များများလဲရူးသွပ်ဖူးကြသည်တဲ့ တတိယနှစ်ကျောင်းသူနွေရွက်ဝါဟုဆိုလျှင် မသိသူမရှိဟု သူရစိုးလွင်မှေပြာပြသည်
ထပ်တိုးသိခဲ့ရသည်က နွေ့မှာ အရင်ကရီးစားရှိဖူးသည်တဲ့လေ ထိုစကားကိုအကြားရိုးရာဟန်မှာသုံးမိနစ်မျှအသဲကွဲခဲ့ရပါသေးသည်။ ဒါဟာလက်ခံရမည့်အမှန်တရားဖြစ်ပေမဲ့
လက်မခံချင် သူမဟာ မထားသင့်တဲ့အတ္တတွေထားမိနေတာခက်သည်မဟုတ်ပါလားဘာကြောင့်ရယ်ဘဲဖြစ်ဖြစ် ရိုးရာဟန်မှာ နွေရွက်ဝါဟူသောအမျိူးသမီးကို ချစ်မိသည်မှာမပြောင်းလဲနိုင်သောအမှန်တရားပင်
"အစ်မ"
ဒုတိယတစ်ခါထပ်ခေါ်သော်ငြားထိုအမျိုးသမီးမှာပြန်လှည့်မကြည့်တာမို့ ရင်ထဲတော့ဆစ်ကနဲဖြင့်နာရပါသေးသည်
"အစ်မ"
ဟုတ်ပါရဲ့ နွေ့အကြောင်းသိပြီးနောက်တစ်ရက်မှစကာ ရိုးရာဟန်မှာ နွေ့အနားတဝဲလည်လည်ဖြင့်အမြဲလိုလိုရှိသည် ကျောင်းတက်ချိန်တွေမှလွဲလို့ ကျန်တဲ့အချိန်တိုင်းနီးပါး၌ နွေသတိမထားမိသောအရပ်ကနေ အမြဲတကောက်ကောက်လိုက်ဖူးပါသည်
စာကြည့်တိုက်ထဲ နွေရွက်ဝါရှိနေချိန်တွေလဲ ဝေးဝေးကနေ၍ခိုးကြည့်ဖြစ်ခဲ့သည်
ယုတ်စွအဆုံး ကျောင်းဆင်းချိန် အိမ်ပြန်တဲ့အထိ ရိုးရာဟန်မှာ မငြီးမငွေ့တကောက်ကောက်လိုက်ဖူးပါသည်
"အစ်မ "
တတိယအကြိမ်မြောက်တွင်တော့ နွေပြန်လှည့်ကြည့်လာသည် ဖြတ်ခနဲလှည့်ကြည့်တဲ့အခါ ယိမ်းနွဲ့သွားသော ခန္ဓာဟာလဲလှသည်
တွန့်ချိုးထားသောမျက်ခုံးအစုံဟာလဲလှသည်
အလိုမကျသည့်မျက်နှာထားနှင့်လည်းပက်ပက်စက်စက်လှနေတာမျိုးဟာ နွေရွက်ဝါဟူသောအမျိုးသမီးနဲ့မှ နဖူးတွေ့ဒူးတွေ့ကြုံရသည်
YOU ARE READING
တေး(Till)
Romanceစိတ်ကူးယဥ်သက်သက်ဖြင့်အမျိုးသမီးနှစ်ဦး၏ ချစ်ခြင်းကိုနူးညံ့စွာပုံဖော်ထားသည်မို့.....