" ခင်ထားမီ "
ဟုတ်တယ်။သူမ နာမည် "ခင်ထားမီ" တဲ့ သိပ်လည်းဆန်းပါ့ သိပ်လည်းလှပါ့ ။ လူလေးကိုကြည့်မလား အတော်ကိုချစ်စဖွယ်ရှိတဲ့ အမျိုးသမီးလေးပေါ့ ။ ကျွန်မ အသဲစိုင်တစ်စုံကိုလှုပ်ခတ်လိုက်နိုင်ပါတဲ့ အမျိုးသမီး တစ်ဦးပေါ့ ......
" ကျွန်မ နာမည် သျှားသွန်းခက် ကျွန်မ အသက်၂၀ပြည့်တော့မယ် ။ ကျွန်မ ဒီနိုင်ငံမှာမွေးတာတော့မဟုတ် ကျွန်မအမေနဲ့အဖေ ရဲ့စီးပွားရေးအရ ကျွန်မကို တိုင်းတပါးမှာမွေးပြီးလို့ ကျွန်မအသက်၁၀နှစ်သမီး မှ ဒီနိုင်ငံရောက်လာတာ ကျွန်မချစ်တဲ့ မြန်မာနိုင်ငံကိုပေါ့ ။ ဆက်ရမည်ဆိုလျှင်.....ကျွန်မဘဝ အသက်၂၀မပြည့်မှီ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး လုပ်ငန်းတစ်ခုထဲ ဝင်မဲ့ နေ့တစ်ရက်ကနေ စမယ် "
"သျှား ရေ....Ready ဘဲလားဟေ့ "
"Ready ဘဲမာမီ သျှား ဆင်းလာပြီ "
____ကျွန်မ အဖေရဲ့မိတ်ဆွေကုမ္မဏီမှာ ကျွန်မပထမဆုံး အလုပ်ဝင်ရမဲ့နေ့ပေါ့ ထုံးစံတိုင်းပင် အမေဖြစ်သူ ကျွန်မရဲ့မာမီ ကတော့လောချေနေလေပြီ______
" သျှား နေ့လည်စာလည်းသေချာစားအူးနော် တစ်ခုခုအဆင်မပြေတာရှိရင် မာမီ့ကိုဖုန်းဆက်ပြောအူး "
"အင်းပါ မာမီရယ်....သျှား လည်းကလေးမဟုတ်တော့ပါဖူး သျှား ဖုန်းဆက်မယ်လေနော် မာမီ အခုတော့ သွားတော့မယ် ဒယ်ဒီ ကားပေါ်မှာ ထိုင်စောင့်နေရလို့ လောင်နေလောက်ပြီ ဟီဟီး "
"အေးအေး ဖြေးဖြေးသွားအူး ဒီသားအဖတွေ လမ်းမှာသတ်မနေကြနဲ့အူးနော် "
"သွားပြီ မာမီရေ......ဘိုင်း "
ကားပေါ်ရောက်_____
"ကြာလိုက်တာ သမီးရယ်....ကဲ ကြည့် ဝတ်လာတဲ့ပုံကလည်း မိန်းကလေး မဆန်လိုက်တာနော် "
______ စပါပြီ ကျွန်မအဖေ ရဲ့ ကျွန်မ ဝတ်စားဆင်ယင်မှုပေါ် ထင်မြင်သုံးသပ်ချက် တွေ...._______
"ဒယ်ဒီရယ်....ဘာဖြစ်သတုန်း ဒါ သျှား ဝတ်နေကြ ပုံစံ style pant ရယ် coat ရယ် shoe ရယ် လွယ်အိတ် ရယ်ဘဲလေ office နဲ့လည်းလိုက်ပါတယ် ဒယ်ဒီရဲ့ "
YOU ARE READING
သျှား ရဲ့ မီ 《 One Short 》
Storie d'amore" မ ရဲ့ ကမ္ဘာငယ်လေးထဲဘယ်လိုရောက်ချလာမှန်း မသိတဲ့ သျှား ကို ဘယ်တော့မှ မောင်းမထုတ်ပါဖူးလို့ သာ ဂတိတစ်ပွင့်ပေးပါ မရယ်...... " " တသက်သာအတွက် ပေးပါတယ် ကလေးရယ်...."