Chapter 2 {U+Z}

61 7 0
                                    

Unicode

ထိုအရှေ့မှ ထိုင်ခုံတွင်ထိုင်ရန် ပြောလာသော သူကြောင့် gulf လည်းအသာတကြည်သာ ဝင်ထိုင်လိုက်သည်။

ထိုထိုင်ခုံအံဆွဲထဲမှ file တွဲတစ်ချို့ကို mew ကထုတ်ယူလိုက်ကာ file တွဲထဲမှအချက်အလက်များကို စတင်မေးမြန်းတော့သည်။

"နာမည်က gulfkanawut ဟုတ်ပါသလား"

"ဟုတ်ပါတယ်"

"အသက်က"

"24"

"နေရပ်လိပ်စာက"

"_ _ _ _ _ _ Bangkok, Thailand"

"နိုင်ငံသားကတ်ပြားရော"

"ကျွန်တော်က ဒီနိုင်ငံသားမဟုတ်ဘူး...ငယ်ငယ်လေးကတည်းက ဟိုမှာဘဲ နိုင်ငံသားခံယူလိုက်တာ"

"ဒါဆို သေဆုံးသူရဲ့ အဆိပ်မိတာကို မျက်မြင်သက်‌‌သေများတွေ့ခဲ့တာရှိသလား...အကြောင်းစုံပြောပြပါ"

"ကျွန်တော် U.S ကပြန်လာလို့ သူငယ်ချင်းတွေနဲ့ စားသောက်ပွဲလုပ်နေတုန်းမှာ လူတွေရုန်းရင်းဆန်ခတ်ဖြစ်တာနဲ့ သွားကြည့်လိုက်ရုံဘဲ...ဒါဘဲ"

"Khun gulfkanawut na kha ကိုယ်တို့မှာအချိန်တွေပေါနေတယ်များထင်နေလား"

ဒေါသထွက်ဟန်ဖြင့် ထိုင်ခုံကိုလက်ဖြင့် ထုချကာ အော်လိုက်မိပေမယ့် gulf မှာတော့ ဘယ်အရာမှဂရုမစိုက်သလိုဖြင့် ခပ်တည်တည်ဖြင့်သာ။

"ကျွန်တော်အမှုအကြောင်းသိချင်တာပါလို့"

"ဘာကြောင့်လဲ"

"ဒီတိုင်းသိချင်တာ"

ဘယ်လိုတောင်အဓိပ္ပာယ်မရှိတဲ့ စကားပါလဲ။မိဘလုပ်စာ ထိုင်ဖြုန်းပြီး ဘော်ကျော့နေနေတဲ့ ကောင်လိုဘဲ တစ်စက်မှအချိုးမပြေဘူး။

"မင်းစကားကြီးက အဓိပ္ပာယ်လည်းမရှိဘူး"

"မင်းရဲ့မိသားစုဝင်တစ်ယောက်ယောက်နဲ့ ကိုယ်တွေ့မှရမယ်"

"ရတယ်လေ...ကျွန်တော်ဖုန်းဆက်ပေးမယ်"

Gulf လည်း အဖေဖြစ်သူကို ဖုန်းဆက်ခေါ်လိုက်သော်ငြား သူ့အဖေကိုယ်တိုင်မရောက်လာခဲ့။security ဟူသော p'noon သာရောက်လာသည်။

P'noon နှင့်ထိုလူလည်းဆွေးနွေးခန်းထဲ သွားမည်ဟူ၍ ပြောပြီးထွက်သွားတော့သည်။ဆွေးနွေးခန်းမှာ မှန်ဘောင်ဖြင့် ပြုလုပ်ထားသောကြောင့် gulf လည်း အခန်းတစ်ဖက်တစ်ချပ်၌  ဘောင်းဘီအိတ်ထဲတွင် အသင့်ရှိနေသော ပီကေကိုဖွင့်ဖောက်ကာ ဝါးချလိုက်ရင်း စောင့်ကြည့်နေခဲ့သည်။ထိုလူမှတော့ ခပ်တည်တည်ပုံစံဖြင့် သူ့ကိုယ်သူ ဩဇာအရှိန်အဝါဖြင့် လူကြီးလူကောင်းပုံစံ ဖမ်းထားသေး၏။p'noon မှာတော့ ရိုကျိုးသကဲ့သို့ပင်... သို့သော်တတွတ်တွတ်ဖြင့် ဘာတွေပြောနေကြမှန်း gulf လည်းမသိပါ။ခဏအကြာ‌တွင်တော့ p'noon က 'သွားကြရအောင်' ဟူ၍ gulf ကိုသာဆွဲခေါ်သွားတော့သည်။

Love Is dead {အချစ်၏သေဆုံးခြင်း}Where stories live. Discover now