Unicode
"ဒီကိစ္စကြီးကတော့ မဟုတ်သေးဘူးနော် gulf"
"ဘာဖြစ်လို့လဲ အမရဲ့"
Gulf ကအရှေ့တွင်ရှိနေသော coffee အေးတစ်ခွက်ကို သောက်လိုက်ရင်း ရယ်ကြဲကြဲဖြင့်ပြန်ဖြေလာတော့သည်။
"အမဒီ design ကိုချုပ်ပေးလိုက်တယ်ဆိုပေမယ့် model တွေကကျတော့ "
"ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်ပါအမရဲ့"
"ဒါပေမယ့် model ဆိုတာက ခန္ဓာကိုယ်အချိုးအစားလှဖို့လိုသေးတယ်လေ...ဝနေရင်ဘယ်ကြည့်ကောင်းပါ့မလဲ"
"ဒါပေမယ့် အဲ့ဝနေတာကို ကြည့်ကောင်းဖို့ ကျွန်တော်တို့desinger တွေ ကျွန်တော်တို့ ဝတ်စုံတွေလိုတာပေါ့ဗျ...တစ်ခါတည်း ကြောငြာပြီးသားတောင်ဖြစ်သေးတယ်"
ယခု gulf ရောက်နေသော နေရာသည် p'pom ၏ dress shop ကိုရောက်နေတာဖြစ်သည်။p'pom မှာ designer တစ်ယောက်တည်း ဖြစ်သည့်အပြင် gulf နှင့်ပါရင်းနှီးနေသည်ကြောင့် ထိုfashion show အတွက် p'pom ကိုdesigner အဖြစ် လာရောက်ကမ်းလှမ်းခြင်းလည်းဖြစ်သည်။P'pom ၏ dress shop သည်လည်းခေသူ မဟုတ်ပေ။မြို့လယ်တည့်တည့်တွင် ထင်ထင်ရှားရှားတည်ရှိနေကာ pom ဟူသော နာမည်တစ်လုံးသည်လည်း အတင့်အသင့်တော့ရှိသည်။
"Model တွေခန္ဓာကိုယ်ပိုင်းလှရမယ်ဆိုတာ လူတွေရဲ့ ကန့်သတ်ချက်တစ်ခုပါဘဲ...လူတွေရဲ့ ကန့်သတ်ချက်ကို ကျွန်တော်တို့က ဖယ်ထုတ်လိုက်ရင် ပိုပြီးထူးခြားသွားမှာဗျ အချစ်တစ်ခုလိုပေါ့ တကယ်ချစ်ရင် ဝတာပိန်တာလည်းအရေးမကြီးတော့ဘူး။သူဖြစ်နေဖို့ဘဲ လိုတာမျိုး"
Gulf သည် p'pom ၏လက်ရာမြောက်သော အထည်များ ချိတ်ဆွဲထားရာတန်းတစ်လျှောက်ကို အသေအချာလိုက်ကြည့်ရင်း ပြောနေခဲ့သည်။ gulf သည် စီးပွားရေးလောကတွင် ကျွမ်းကျင်သည်သည်လား၊အမြင်တစ်မျိုး ဆန်းသည်လားတော့ p'pom လည်းမစဉ်းစားတတ်တော့ပေ။သို့သော်လည်း လူအများနှင့်မတူစွာတော့ စဉ်းစားတွေးခေါ်မှုဟာ ကွဲလွဲနေသည်မှာအသေအချာပင်။
"အမ သတို့သမီးဝတ်စုံလေးတစ်ချက်ကြည့်ချင်လို့ပါ "
အမျိုးသမီးတစ်ဦး၏ အပြောကြောင့် p'pom လည်း gulf နှင့်ဆွေးနွေးနေရာမှ အသိပြန်ဝင်လာပြီး ဝတ်စုံရှိရာကို လိုက်ပြဖို့သာ ဦးတည်လိုက်ရတော့သည်။
![](https://img.wattpad.com/cover/306251353-288-k689051.jpg)
YOU ARE READING
Love Is dead {အချစ်၏သေဆုံးခြင်း}
Fanfictionမှုခင်းဖြစ်ရပ်များ၊ လူသတ်မှုများအကြောင်းများနှင့် စပ်လျဉ်း၍စာရေးသူမှာ ကျွမ်းကျင်မှုမရှိသောကြောင့် အမှားတစ်စုံတစ်ရာ ပါသွားခဲ့သည်ရှိသော် ကြိုတင်တောင်းပန်အပ်ပါသည်။ ထိုfan fic သည်စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်သာ ဖြစ်ပါသည်။idol ၏ image ကိုလည်း ထိခိုက်စေလိုခြင...