Chapter 3 {U+Z}

48 5 0
                                    

Unicode

"ဒီအကြောင်းအရာနဲ့ စပ်လျဉ်းပြီး ကျွန်တော်တို့ဒီပရောဂျက်ကို တင်ပြပေးပါရစေ"

M.s company ၏ငြိမ်သက်လှသော meeting room တစ်ခုတွင်ဖြစ်သည်။ထိုင်ခုံတန်းလျား တစ်လျှောက်အရှည်ကြီးတွင် အရေးပါသော ပုဂ္ဂိုလ်များနှင့် ရှယ်ယာရှင်တွေများလည်း စုဝေးကာ ထို project ကိုနားထောင်နေကြလျက်။ထိုထဲတွင် အာဏာအကြီးဆုံး ပုဂ္ိုလ်၏ ကိုယ်စား သူ၏သားဖြစ်သူ gulf kanawut မှာ ဇိမ်ခံထိုင်ခုံတွင်လျှောထိုင်လျက် လက်ကို စုရုံးထားကာ နားထောင်နေခဲ့သည်။မှန်တံခါးအချို့နှင့် ကြမ်းခင်းများမှာ တောက်ပြောင်စွာ view အကောင်းဆုံးနေရာတွင်လည်းဖြစ်သည်။ထိုအရာကို ကြည့်ခြင်းအားဖြင့် ထိုcompany ကိုတော်ရုံအင်အားဖြင့် ဖြိုခွဲ၍မရနိုင်ချေ။

"Designer တွေထက် model တွေကိုပိုအဓိကထားပြီးတော့ ဒီfashion show မှာ ထူးထူးခြားခြားလေး ပိုလုပ်စေချင်ပါတယ်"

အရှေ့တွင် projectတင်ပြနေသူ၏ အပြောကို gulf အမြင်မကြည်တော့ဘဲ မျက်လုံးများပင် တွန့်ချိုးလာတော့သည်။gulf ၏အဖေပြီးလျှင် gulf သည်ထို company တွင်ရာထူးအာဏာမှာကြီးမားလျက်။

"‌ဒါဆိုရင် fashion show ဆိုတဲ့ ခေါင်းစဉ်ကိုပါ ဖြုတ်လိုက်ပါတော့လားဗျ"

"ဗျာ....မဟုတ် ‌ကျွန်တော်ပြောချင်တာက"

"Model တွေကို အဓိကထားရအောင် ကျွန်တော်တို့က customer တွေဆီ ဝတ်စုံတွေရောက်ဖို့လုပ်နေတာ model တွေရောက်ဖို့မဟုတ်ဘူး"

"ကျွန်တော်ဒီ project ကိုပယ်ချပါတယ်"

Gulf ၏ပွင့်ပွင့်လင်းလင်းဖြင့် မကြိုက်စကားဆိုသွားသည်ကို တစ်ဖက်သူမှတော့ အရှက်ခွဲခံလိုက်ရသည့်အလား အတော်ပင်စိတ်ခုသွားရှာသည်။တစ်ဖက်လူမှာတော့ လက်ထဲမှာ project တည်ဆောက်ထားသော file တွဲကို ပစ်ချမိတော့မည့်အလား ရုံးခန်းထဲမှထွက်လာခဲ့လိုက်တော့သည်။

"ဒါဆိုကျွန်တော့ကို ခွင့်ပြုပါဦး"

"ကောင်းပါပြီ"

Gulf စကားတစ်ခွန်းဆိုလျှင် တစ်သားတည်းပြီးသည်။ကျန်သည့် မည်သည့်လူမျှလည်းအထွန့်မတက်ရဲကြ။

Love Is dead {အချစ်၏သေဆုံးခြင်း}Where stories live. Discover now