Unicodeရော်ရွက်တို့က ဆောင်းဦးလေပြေရဲ့ ပရောဂကြောင့် မြေပြင်သို့ တလွင့်လွင့်ရယ်။ရွက်သစ်တို့ အစပြုဖို့ ရွက်ဟောင်းတို့ ဘေးဖယ်သလိုပေါ့။
ရာသီတွေပြောင်းလို့ အချိန်တွေ တရွေ့ရွေ့က ကုန်တာမြန်လွန်းသည်မို့ တက္ကသိုလ်တွေ တဖန်ပြန်ဖွင့်ချိန်လည်း ရောက်လို့လာပြီဖြစ်သည်။
ကျောင်းဂိတ်ပေါက်ဝမှ တစ်စီးပြီးတစ်ပြီး ထိုးရပ်လာတဲ့ ကားအကောင်းစားကြီးတွေဆီမှ ထွက်လာသည့် ရွှေပေါ်မြတင်လေးတွေ၊ကျောင်းဝင်းအတွင်း အရှိန်ပြင်းပြင်းမောင်းဝင်တတ်ကြသည့် နာမည်ကြီးလေးတွေ၊ စက်ဘီးလေးတလှိမ့်လှိမ့်ဖြင့် ဝင်လာသည့် လူလတ်တန်းစားလေးတွေ မျိုးစုံလို့နေသည်။ထိုအထဲတွင် တစ်ခုမှမပါဘဲ နံနက်အစောကြီးထလို့ Busကားစီးကာ လာကြသည့် အခြေခံလူတန်းစားတွေလည်းရှိကြသည်။
တက္ကသိုလ်ဆိုတာ လူတန်းစားမျိုးစုံသည့် နေရာတစ်ခု၊ပညာဆည်းပူးကြသူများရှိသလို ပေါ့
ပေါ့တန်တန်နေသူလည်းရှိသည်။အဆိုးဆုံးက
တော့ ကြီးနိုင်ငယ်ညှင်း လုပ်သူများလည်းရှိသည်။ဘေးလွယ်အိတ်လေးအား တစ်စောင်းလွယ်လို့ တည်ငြိမ်သောအသွင်ဖြင့် ကျောင်းဝင်အတွင်း ခြေချလာသည့်သူ့ကို ဖြတ်သွားသူများက တကြည့်ကြည့်ရယ်။
ကြည့်ကြမှာပေါ့ ထိုသူသည် ကော်လံမပါသည့် free shirtကို Jean pantအနက်လေးထဲထည့်ဝတ်ထားပြီး ရိုးရှင်းနေတာတောင် တောက်ပနေသည်လေ။သေသေပ်သပ်ဖြီးတင်ထားသည့် ဆံသားအနက်တို့က သူ့ရဲ့နဖူးပြင်နှင့် မျက်နှာချောချောကို ပိုပေါ်လွင်စေကာ မျက်ခုံးတန်းထူထူအောက် ညှို့အားပြင်းလွန်းသည့် မျက်ဝန်းနက်တို့က ပြိုင်စံရှားပါသည်။
တင်းတင်းစေ့ထားသည့် နှုတ်ခမ်းတစ်စုံကိုခပ်ရေးရေးတွန့်ချိုးခိုက် ခြေတံရှည်တို့ တစ်လှမ်း လှမ်းခိုက် ပျိုမဒီတို့အသဲကို တဖြုတ်ဖြုတ်ကြွေကျစေနိုင်သည်အထိ စွမ်းပါသည်။
ထိုသူသည် Seoul National Universityရဲ့ ထူး
ချွန်ကျောင်းသားဖြစ်သည့် ကင်မ်ထယ်ယောင်းပင်။ပညာရေး၊အားကစား၊လူမှုဆက်ဆံရေး၊ရုပ်ရည်သွင်ပြင် အစစအရာရာပြည့်စုံသည့်သူက ရွှေဇွန်းကိုက်မွေးလာသည့်သူဌေးသားလေးတော့ မဟုတ်ပါ။သာမန် လူလတ်တန်းစားလေးတစ်ယောက်သာသာဖြစ်သည်။
YOU ARE READING
Love = Love ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 20. 4.2022 End date - 16. 5.2023 #Nectarine #I don't own photos that contain in this fic.