Unicode
ချွင် ..! ချွင်..!
ပေ ၂၀ပတ်လည်မက ကျယ်ဝန်းလှသည့် ထမင်း
စားခန်းကြီးထဲတွင် တစ်ချက်တစ်ချက်ထွက်ပေါ်လာသည့် ဇွန်း ခရင်းသံတချွင်ချွင်သာကြားရသည်။ရှည်မျောလှသည့် စားပွဲကြီးရဲ့ ညာဘက်ထိပ်ဆုံးခုံတွင် ငြိမ်ငြိမ်လေးထိုင်ကာ ထမင်းစားနေသည့် ဂျောင်ကုရယ်။အနားတွင်တော့ သူထမင်းစားတာကို ပြုံး၍ကြည့်နေသည့် အိမ်တော်ထိန်းကြီးရယ်သာရှိသည်လေ။ဘုရင့်ပွဲတော်တည်သကဲ့သို့ များပြားလှတဲ့ဟင်းပွဲတွေထဲကမှ ရှေ့တွင်ရှိသည့် ဟင်းပန်းကန်ထဲကသာ ထည့်စားနေသည့် ဂျောင်ကုက ဝတ်ကျေတန်းကျေသာရှိသည်။ရေချိုးပြီးခါစ မျက်နှာနုနုကရှင်းသန့်နေပြီး မည်သည့်အမူအရာမှ မဖော်ပြသည့်ဂျောင်ကုက ခဏကြာတော့ စားလက်စကို ရပ်ကာ ဘေးတွင်အဆင်သင့်ချပေးထားသည့် ရေခွက်ကို ယူသောက်လိုက်ပြီးနောက် ခပ်တိုးတိုးဆိုသည်။
"ကျွန်တော် တော်ပြီ ဒေါ်ကြီး ~"
"အဆင်မပြေလို့လား သခင်လေးရဲ့ ~ ဘာစားချင်လဲ ဒေါ်ကြီး လုပ်ပေးမယ်လေ ~"
"ပြေပါတယ် ~ ဒေါ်ကြီးရဲ့ လက်ရာကလည်း အရမ်းကောင်းတယ် ~ ဒါ ဒါမဲ့ အရမ်းအထီးကျန်လွန်းလို့ စားမဝင်ဘူး ဖြစ်နေတယ်ဗျ !"
အသက်ဆယ်နှစ်ကစလို့ ထမင်းစားလည်း တစ်ယောက်တည်းစားရသလို မွေးနေ့လိုနေ့မျိုးတွင်တောင် တစ်ယောက်တည်း ကျင်းပခဲ့ရသည်။အမေများနေတို့လိုဆိုလည်း သူနဲ့လိုက်မယ့်သူမရှိ ဒေါ်ကြီးကသာ လိုက်သည်။
မအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့ ဂျောင်ကုကို ငွေပုံကြားမှာ ရှင်သန်စေတယ်။သူလိုချင်တာ မိဘမေတ္တာ၊နွေးထွေးမှု၊ကြင်နာမှု၊စည်းလုံးမှု ဒါတွေကသာ သူ့ရဲ့လိုအပ်ချက်ဖြစ်နေခဲ့တာကို ဘယ်သူမှ သတိမရကြဟန်ပါဘဲ။
ငယ်ငယ်ကတည်းက သူ့ကိုအခြွေအရံတွေနဲ့သာ ထားခဲ့တဲ့ မိဘတွေက သူ့ကိုသိပ်ချစ်လို့..အရာအားလုံးသူ့အတွက်ဆိုပြီး အလုပ်ကိုဖိလုပ်ကြသတဲ့။အမှန်တကယ် လိုအပ်တာကို ယူဆောင်မပေးကြပါ။
သိတတ်စအရွယ်ရောက်တော့ မိဘတွေဆီက အာရုံစိုက်မှုလိုချင်တယ်..ဒါက မကောင်းဘူး ဒါတော့ကောင်းတယ် စသည့်ဖြင့် ဆုံးမမှုကို နားထောင်ချင်တယ်။ထို့ကြောင့် သူ ဆိုးပေ့ဆိုတဲ့အရာတွေကိုအသက်နဲ့မလိုက်အောင်လုပ်တယ်။ပြသနာရှာတယ်။သို့ပေမယ့် လိုချင်တာတွေဖြစ်မလာခဲ့။အဲ့အစား ဘယ်ရာမဆို ငွေနဲ့ပဲ ဖြေရှင်းပေးသည်။
YOU ARE READING
Love = Love ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 20. 4.2022 End date - 16. 5.2023 #Nectarine #I don't own photos that contain in this fic.