Unicode
"တောက် ! "
စာမသင်ချင်လို့ toiletလာပြီး ဆေးလိပ်လေးလာသောက်ပါတယ်..ဘယ်က လူတတ်ကြီးနဲ့ လာတွေ့မှန်းမသိ။ဂျောင်ကုလို လူကို လာကြောသွားသည်။အဲ့လူမျက်နှာကို ထိုးခဲ့လိုက်သင့်တာ။ဘာလို့ ဗိုက်ကိုပဲ တစ်ချက်တည်း ထိုးခဲ့မိမှန်းမသိ။သေချာတာကတော့ အဲ့လူနဲ့ ဂျောင်ကုတို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်းက မသာယာခဲ့ပါ။
မကျေနပ်ဘူး ခင်ဗျား!
ကျုပ်နဲ့ မတွေ့မိအောင်သာနေတော့!ဂျောင်ကု ရင်ထဲတနုပ်နုပ်ဖြင့် ကျန်ခဲ့တာ ညနေကျောင်းဆင်းသည်အထိပင်။စိတ်ကမကြည်တော့တဲ့အပြင် ဒီနေ့ မ ကိုလည်း ကျောင်းမှာမတွေ့။သူ ကျောင်းလာရတဲ့ အကြောင်းရင်းက ချစ်ရသူ မ ကြောင့်ပါဆို သူလာမယ်မှန်း သိလို့ ရှောင်ပုန်းနေတာထင်ပါရဲ့။သူ့ဖုန်းကိုတောင် မကိုင်ပါလေ။
အင်း~~ နှလုံးသားလေးက ဒီလိုဆိုတော့ နာကျင်မိသားရယ် !
ရက်စက်တဲ့သူက ရက်စက်မှတော့ သူကလည်း လိုလိုလားလား လည်စင်းပေးရုံပေါ့လေ!
ဒုန်း..!
စိတ်ရှုပ်ရှုပ်ဖြင့် ကားတံခါးကို ခပ်ကြမ်းကြမ်းဖွင့်ပိတ်လုပ်ကာ မောင်းထွက်လာခဲ့သည်။ကံကြမ္မာက ဂျောင်ကုကို မျက်နှာသာပေးတယ်ဆိုရမလား ကျောင်းဂိတ်ဝနားမရောက်ခင်မှာ နေ့လည်ကတွေ့ခဲ့လူကိုတွေ့လေသည်။ပလက်ဖောင်းဘေး Runway Modelတစ်ယောက်လို ခပ်မှန်မှန်လျှောက်နေတဲ့သူက နောက်ကျောသာ မြင်ရတာတောင် မနာလိုစရာကောင်းသည်။ဘယ်လိုပဲဖြစ်ဖြစ် ဂျောင်ကုမျက်လုံးထဲမှာတော့ ကန့်လန့်ဖြစ်နေသည်။သေချာတာကတော့ ဒီနေရာမှာ ဒီလူ့ကိုတွေ့တာ သူ့စိတ်ရဲ့ ထွက်ပေါက်အဖြစ် အသုံးချပစ်ဖို့ အကောင်းဆုံးပေါ့။
ဂျောင်ကု ခပ်မဲ့မဲ့ပြုံးကာ ကားကို အရှိန်တင်လိုက်ပြီးနောက်...
"ဟက် ! တွေ့ကျပြီပေါ့ ခင်ဗျားရာ !"
တီတီတီ...!!!
ဝူးးး...!
လမ်းအလယ်မှ ပုံမှန်မောင်းနေတဲ့ ပြိုင်ကားလေးက ချက်ချင်းပဲ အရှိန်ဖြင့် ပလက်ဖောင်းဘေးက ပွတ်ကာသီကာ ဖြတ်မောင်းသွားလိုက်တော့ အဲ့လူခမြာ ဖင်ထိုင်ရက်ပြုတ်ကျလေရဲ့။
YOU ARE READING
Love = Love ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 20. 4.2022 End date - 16. 5.2023 #Nectarine #I don't own photos that contain in this fic.