Unicode
အမောတကောပြေးလာတဲ့ ခြေလှမ်းတွေက ခပ်ကြဲကြဲ။အသက်ရှုသံပြင်းပြင်းကြားမှာ ရှိုက်သံတွေဟာလည်း ရောယှက်လို့။ပါးပြင်နုနုထက်က မျက်ရည်စီးကြောင်းတွေက ဖိနပ်အနက်လေးထက် တစ်ပေါက်ပေါက်ကျလျက်။မပီမပြင်တောင်းပန်သံတိုးတိုးကလည်း လေပြေထဲပျံ့နှံ့လျက်ရှိသည်။
မရဘူး ! ထားသွားလို့ မဖြစ်ဘူး !
ကင်မ်ထယ်ယောင်းကြီး ! ကိုကိုမရှိရင် ဒီကလူပါ လိုက်သေမှာ !
စိတ်ထဲက နှလုံးသားကိုတိုင်လို့ ရေရွတ်ရင်း ကျောင်းဝန်းထဲပြေးဝင်လာခဲ့သည်။လေဆိပ်ထဲမှ ထိုနေရာအထိရောက်ဖို့ လှမ်းခဲတဲ့ခြေလှမ်းတွေဟာ မရေတွက်နိုင်အောင်ဆိုပေမယ့် မောသည်ဟု တစ်စက်လေးမှ မခံစားရပေ။သို့ပေမယ့် ထိုကောင်လေးဟာ ရင်ဘက်တစ်ခုလုံးလှိုက်ဖိုနေပြီး ချွေးစက်တို့ဟာလည်း မျက်နှာနုနုထက် ခိုကပ်လို့နေလေပြီ။
ပူလောင်နေတဲ့ရင်ဘက်ငယ်က စိုးရိမ်စိတ်တွေကျော်လွန်နေသလို ဝမ်းနည်းစိတ်ကလည်း တလိပ်လိပ်လှိုက်တက်လာသည်။
ရုတ်တရက်မြင်လိုက်ရတဲ့ ရင်းနှီးတဲ့မျက်နှာနှစ်ခုကိုတွေ့တော့ ထိုကောင်လေးက...
"ကင်မ်ထယ်ယောင်းကြီး ဘယ်မှာလဲ ?"
"ကျောင်းမလာတာ တစ်ပတ်ကျော်ပြီ !"
"ခင်ဗျားတို့ ! ကိုယ့်သူငယ်ချင်း ဘယ်မှာရှိလဲ မသိဘူးလား ?"
ရင့်ရင့်သီးသီးပြောလိုက်တဲ့ အရပ်ရှည်ရှည် အမြဲပြုံးနေတဲ့သူကြောင့် ဂျောင်ကုဒေါသစိတ်ကလေးဝင်လာသည်။ထို့အတူ ကျောင်းပါမလာဘူးတဲ့ ချစ်ရသူကြောင့် ပိုလို့လည်း ပူပန်လာသည်။ထိုအခါ ထိုလူ့ရဲ့ရင်ဘက်အား တစ်ချက်ဆောင့်တွန်းကာ အော်ပြောလိုက်သည်။ထိုလူကတော့ တွန်းချက်ကြောင့် ခြေနှစ်လှမ်းလောက်နောက်ဆုတ်သွားပေမယ့် ကိုယ်ကိုပြန်မတ်ကာ ဂျောင်ကုအား စူးစူးပြန်ကြည့်သည်။
"မင်းတောင် သူဘာတွေဖြစ်နေလဲ နားလည်ဖို့ ကြိုးစားခဲ့ဖူးလား ?"
"ဘာ !"
"ဟိုဘီ တော်တော့ ! "
တွေခနဲဖြစ်သွားတဲ့ရှေ့ကကောင်လေးကိုကြည့်ရင်း ဂျီမင်က ရပ်ဖို့ပြောလိုက်သည်။ဘာပဲဖြစ်ဖြစ် ခုနေအပြစ်တင်လို့ဘယ်ရမလဲ။ဒီကောင်လေးပြန်လှည့်လာတာနဲ့တင် ထယ်ယောင်းအတွက် ကောင်းခြင်းတစ်ခုပဲလေ။
YOU ARE READING
Love = Love ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 20. 4.2022 End date - 16. 5.2023 #Nectarine #I don't own photos that contain in this fic.