Unicode
၁၀ယောက်ထက်မနည်းသည့် တက္ကသိုလ်ကျောင်းသားတစ်စုဟာ အတော်အသင့်စည်ကားသည့်ရပ်ကွက်ထိပ်ရဲ့ ကြက်ကြော်ဆိုင်လေးထဲတွင် အုပ်အုပ်ကြပ်ကြပ်ဖြစ်နေသည်။တစ်ယောက်တစ်ပေါက်သံတွေက ဘေးဝိုင်းရှိဧည့်သည်တွေပါ စူးစမ်းကြသည့်အထိပင်။ဆိုင်ပိုင်ရှင်အဒေါ်ကြီးကတော့ ထိုကောင်လေးတွေကြည့်ရင်း နူးနူးညံ့ညံ့ပြုံးလို့သာနေသည်။တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ရခဲတာမို့ ထိုသို့ပျော်ပျော်ရွှင်ရွှင်မြင်နေရတာ ကြည်နူးမိပါသည်။အပျော်တွေ ကူးစက်တယ်ဆိုတာမျိုးပေါ့။
"ရေးးး..! ဒီနေ့တော့ ဒေါ်လေးဆိုင်က ကြက်ကြော်တွေကို အပြတ်ဖြတ်ပစ်မယ် !"
"ကဲ ကဲ စားကြပါတော် ! ဒီနေ့ ဒေါ်လေးက ကလေးတွေကို အလကားကျွေးပါ့မယ်ရှင် !"
အစားပုတ်လေးဖြစ်သည့် ဟိုဘီက လက်ခုပ်
လက်ဝါးတီးလို့ ကြွေးကြော်တော့လည်း ဆိုင်ပိုင်ရှင်က မညီးညူပါဘဲ ကိုင်ထားသည့် ကြက်ကြော်ခြင်းတွေအား ကောင်လေးတွေရှိရာ စားပွဲသို့ ချပေးလာသည်။"ဟီးး..! အာ့ကြောင့် ဒေါ်လေးကိုချစ်နေရတာ ! ဆွဲပြီဗျာ !"
"ဟျောင့် ဂျီမင် ! ကိုယ့်ကြက်ကြော် ကိုယ်ယူ !"
လက်ထဲကဟာမကုန်သေးဘဲ အခြားသူရဲ့ခြင်းထဲက လှမ်းနှိုက်လိုက်တဲ့ ဂျီမင်ကြောင့် ကြက်သားတုံးကိုက်ရင်းတန်းလန်းနဲ့ ဟိုဘီက မျက်လုံးကြီးပြူးကာ ထအော်တော့သည်။
ဂျီမင်ကတော့ စပ်ဖြီးဖြီးဖြင့်...
"ဦးသူစားပဲ ဟိုဘီ !"
"မင်း တွေ့မယ် !"
"မကြောက်တာ ဗက် ဟက် ဟက် !"
ဟိုဘီနဲ့ ဂျီမင်တို့ရန်ပွဲလေး ငြိမ်သွားတာနဲ့ ခဏကြာတော့ အားလုံးဟာ ကြက်ကြော်တွေအား ပါးစပ်ပြည့်လျှံသည်အထိ ခေါင်းမဖော်တမ်းစားကြတော့သည်။သို့သော်လည်း တစ်စုံတစ်
ယောက်ကတော့ ထိုသူတွေကို ဂရုမစိုက်၊ဘာကိုမှ အာရုံမလာသည့်ဟန်ဖြင့် ဖုန်းသုံးနေသည်။ထိုသူလေးသည် အခြားမဟုတ် အဆိုးပေလေး ဂျွန်ဂျောင်ကုပင်။ထယ်ယောင်းကြည့်နေတာ စလာကတည်းကဖြစ်သည်။ကျန်တဲ့ကောင်တွေများ အစား
အသောက်ဆို နောက်ကျတဲ့ခြေထောက် သစ္စာ
ဖောက်လို့မှတ်ထားတယ်ထင်ပါရဲ့ အသံတောင်မထွက်နိုင်ဘူး စားနေကြတာ။ချာတိတ်ကျတော့ ကြီးကျယ်တဲ့ပုံမဟုတ်ပါဘဲ ဒီလိုအုပ်စုလိုက် စားနေကျမဟုတ်လို့ထင် ဖာသိဖာသာဖြစ်နေသည်။
YOU ARE READING
Love = Love ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 20. 4.2022 End date - 16. 5.2023 #Nectarine #I don't own photos that contain in this fic.