DESCRIPTION

84 11 1
                                    


Unicode.

အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေကို ရေတွက်မိနေပြီ။

ဘယ်အချိန်ထဲက စမိတာလဲ။သူမသိတော့ပါဘူး။

ညစာမစားဘဲ အိပ်ခဲ့ရတဲ့နေ့တွေများလှပြီ။

အဓိပ္ပါယ်မရှိတဲ့ဘဝတစ်ခုကို ဖြတ်သန်းနေရသလိုပဲ။

ဘာကြောင့်အသက်ရှင်နေတာလဲဟု ကိုယ့်ကိုယ်ကိုယ်တောင် မသိလေတော့ဘူး။

ဝတ္ထုတွေဖတ်ခဲ့ဖူးတယ်။

ရေးလည်းရေးခဲ့ဖူးလေတယ်။

စိတ်ကူးတော့ မယဥ်ဖြစ်ခဲ့လေဘူး။

စောင့်နေသူမရှိတဲ့အိမ်က နွေးထွေးမှုဆိုတာ မရှိပါဘူး။

လူတစ်ယောက်ကို ချစ်ဖူးချင်တယ်။ဂရုစိုက်ပေးချင်တယ်။ဘဝမှာ သူသာအရေးပါဆုံးလို့ သိစေလောက်တဲ့အထိ ချစ်ပေးချင်တယ်။

အသည်းကွဲကြည့်ဖူးချင်တယ်။

ဒါပေမယ့်...

သူ သတ္တိမရှိ​ဘူး။

အချစ်အတွက် သူရဲကောင်းတစ်ယောက်ဖြစ်ဖူးချင်တယ်။အချစ်ကြောင့် နာကျင်ဖူးချင်တယ်။

ဒါပေမယ့်...

ဒါပေမယ့်...

ဒါက သူရဲ့အိပ်ယာဝင်ပုံပြင်တစ်ချို့အဖြစ်နဲ့ပဲ ဆက်လက်ရှိနေခဲ့တယ်။

အိပ်မက်ထဲမှာ လူစိမ်းတစ်​ယောက်ကိုပဲ စွဲစွဲလမ်းလမ်းချစ်မိလေတယ်။

***************

"ရှောင်ကျန့်! ရှောင်ကျန့်! ထပါတော့။"

လေသည်အရှိန်အဟုန်ဖြင့်တိုက်ခတ်နေသည်။ခြူလုံးလေးများက တချွင်ချွင်မြည်နေကာ သူ၏နားစည်ကို လာရောက်တုန်ခါ​နေပြီး အသံခပ်ယဲ့ယဲ့ကိုလည်း ကြားနေရသည်။

သူဘယ်သူလဲ။ဘယ်ရောက်နေတာလဲ။မည်သည့်အရာကိုမျှ စဥ်းစားလို့မရသေးသည့်အချိန်မှာ သူ၏လက်မောင်းကို တစ်စုံတစ်ရာက လာရောက်ထိတွေ့သည်။

သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ များစွာသောယောက်ျားလေးများသည် သူ့အား အားကိုးတကြီးကြည့်နေကြသည်။

NO EMOTION SYSTEM.Where stories live. Discover now