1.3

47 8 1
                                    

Unicode.

အေးစိမ့်နေသော အခန်းကျယ်ထဲတွင် အနံ့ပြင်းလှသော အမွှေးနံ့တို့က သင်းပျံ့နေသည်။ပုရွက်ဆိတ်အုံအလား တည်ရှိနေသည့် ကလေးငယ်တွေက လော့အိမ်တော်ခြံအနောက်ဘက်ရှိ နှစ်ထပ်တိုက်တွင် စုရုံးနေသည်။

သစ်လွင်ကျော့မော့နေသော အဝတ်အစားတို့ကို မဝတ်နိုင်သော်လည်း အရောင်လွင့်နေပြီးသန့်ရှင်းနေသော အဝတ်အစားတို့ကို ဝတ်ထားကြသည်။မျက်လုံးတွေက တောင်ရောက်လိုက်၊မြောက်ရောက်လိုက် ဖြစ်နေသည့်နှယ် နေရာစိမ်းကို မရင်းနှီးစွာ စူးစမ်းနေကြသည်။

လော့ဖုန်း၏အ​ကြည့်တို့သည် ထောင့်တစ်နေရာမှာသာ မလှုပ်မယှက်ထိုင်နေသော ကလေးတစ်ယောက်ထံသို့ ရောက်သွားသည်။သူ၏မျက်လုံးတွေက ကျဥ်းမြောင်းသွားပြီး မျက်ဆံတွေကတော့ စိတ်လှုပ်ရှားဟန် တစ်ချက်လှုပ်ခတ်သွားသည်။

"အဟွတ် အဟွတ် "

ရှောင်ကျန့်သည့် သူ့ဘေးနားတွင် ချောင်းဆိုးနေသူအား လှည့်ကြည့်လိုက်သည်။ထိုကလေးသည် ဇာတ်လိုက်လော့ဖုန်းအား ကြည့်လျှက်ဖြင့် ချောင်းအဆက်မပြတ်ဆိုးနေသောကြောင့် ထိုကလေး၏လက်မောင်းအား သွားဆိတ်လိုက်သည်။ထိုအခါမှ ကလေးပေါက်စသည် သူ့အား မျက်လုံးရွှဲကြီးဖြင့် ကြည့်လာသည်။

"တိတ်တိတ်နေ အသံမထွက်နဲ့။"

ရှောင်ကျန့်သည် ထိုကလေးပေါက်စအား သွားကြားထဲမှ လေထွက်ရုံဖြင့် ပြောလိုက်သည်။သို့သော် သူ၏ ပိုးစားကာ ကျိုးပဲ့နေသော ရှေ့သွားများကြောင့် စကားသံမှာ ပီပီသသမထွက်သွားချေ။

ကလေးပေါက်စသည် သူ့အား မျက်မှောင်ကျုံ့၍ စူးစူးရဲရဲကြည့်နေသည်။ရှောင်ကျန့်သည် မျက်လုံးပြူးပြလိုက်ရင် ကြောက်ပြီးတိတ်သွားမလား ဆိုသည့်အတွေးနှင့် သူ၏မျက်လုံးတွေကို ပြူးပြလိုက်သည်။ထိုအခါမှ ပိုဆိုးသွားသည်လားမသိ။ထိုကလေးပေါက်စ၏ မျက်ခုံးများသည် ပို၍ကျုံ့လာပြီး မျက်ထောင့်တွေမှာလည်း နီရဲလာသည်။

ကလေးပေါက်စချည်း ထပ်ကာတွေးနေသော ရှောင်ကျန့်သည် သူကိုယ်တိုင်လည်း ကလေးပေါက်စတစ်ယောက်ပင် ဖြစ်သည်ကို မေ့လျော့ထားဟန်တူသည်။

NO EMOTION SYSTEM.Where stories live. Discover now