အခန်းမှားပြီးဝင်အိပ်မိတဲ့နောက် မနက် seokjin နဲ့ jungkook ကိုတစ်ကုတင်ပေါ်မှာ တွေ့လိုက်ရတဲ့အချိန်ကစပြီး taehyung က seokjin ဘေးမှာ မခွာလို့မရတဲ့အချိန်ကလွဲရင် တစ်ချိန်လုံးရှိနေတာကို seokjin ကသတိမထားမိပေမယ့် jungkook ကတော့သတိထားမိနေသည်~
ဘာလို့ဆို သူ seokjin နားကိုတစ်ချက် မှကပ်လို့မရတာကြောင့် ဖြစ်သည် ပြောချင်တာတွေကိုလည်း ပြောမရတာကြောင့် jungkook က seokjin ဆီကို ph နဲ့ message တစ်စောင်ပို့လိုက်သည်~
💬Hyung ခဏနေကျွန်တော့်အခန်းကို ဘယ်သူမှမသိအောင် လာလို့ရမလား အထူးသဖြင့် taehyung မသိစေနဲ့ ကျွန်တော်စောင့်နေမယ်💬
စာပို့ပြီး seokjin မျက်နှာကိုတစ်ချက်လှမ်းကြည့်ကာ အပေါ်ကိုတက်သွားတော့သည်~
Seokjin message ကိုဖတ်ပြီး~
*ဘာကိစ္စ မို့လို့ ဒီမှာမပြောတာလဲ ဘာလို့ taehyung ကိုမသိစေချင်ရတာလဲ*ခဏနေတော့ seokjin ဂျောင်ကုအခန်းကိုသွားဖို့လုပ်နေတုန်း~
Tae- hyung ဘယ်လဲ
Jin- အော်...hyung အေပါ်ထပ်မှာ ပစ္စည်း တစ်ခုရှာစရာရှိလို့
Tae- ဘာပစ္စည်းလဲ hyung? ကျွန်တော်ကူရှာပေးရမလား
Jin- အာ...မလိုဘူး ထွေထွေထူးထူးမဟုတ်ပါဘူး hyung ခဏနေပြန်ဆင်းလာမှာ
Tae- အော်...ဒါဆို ကျွန်တော်မလိုက်တော့ဘူးနော်
Jin-ommm...
Taehyung ကိုညာပြောမိလိုက်လို့ စိတ်ထဲတော့နေလို့မကောင်း ဂျောင်ကုကမသိစေချင်တော့လည်း ညာပြောရတော့တာပေါ့~
Jungkook အခန်းရှေ့ရောက်လို့ တံခါးခေါက်ကြည့်တော့ တံခါးကချက်ချင်းပွင့်လာလို့ seokjin နည်းနည်းလန့်သွားရသည်~
Jin- hyung ကိုဘာလို့ဒီကိုခေါ်တာလဲ ဂျောင်ကု
Jk- ဒီမှာပဲ ပြောလို့ရမယ့်ကိစ္စ မို့လို့ပေါ့
Jin- ဒါဆို ဘာကိစ္စလဲပြောလေ
Jk- hyung ဟိုညကကျွန်တော်ပြောတဲ့ကိစ္စလေ မှတ်မိသေးလား
Seokjin ကအဲ့ညကကိစ္စ ကိုမမေ့ပါ သက်သက်ကိုမေ့ချင်ယောင်ဆောင်နေခဲ့တာပါ အဲ့ညကဂျောင်ကုကမူးနေလို့ လျှောက်ပြောနေတယ်ထင်ပြီး သူအတွေးမလွန်ချင်လို့ မေ့ထားတဲ့ကိစ္စပါ
Jin- ဘယ်ညလဲ ဂျောင်ကု
Jk- ကျွန်တော် hyung အခန်းမှာလာအိပ်တဲ့ည
Jin- အင်း... သိပ်တော့မမှတ်မိဘူးပဲ
Jk- မမှတ်မိရင် ကျွန်တော်မှတ်မိအောင်လုပ်ပေးမယ် ကျွန်တော် hyung ကိုချစ်တယ် ညီအကိုလိုချစ်တာကိုပြောတာမဟုတ်ဘူးနော် ကျွန်တော့်ကိုလက်ခံပေးပါ hyung
Jin- အာ...ဒီကိစ္စက..
Jk- hyung ကျွန်တော့်ကိုလက်ခံတယ်ဆိုရင် ဒီည memberတွေမသိအောင် ကမ်းခြေဘက်ကိုထွက်လာခဲ့ပေးပါ hyung မလာမချင်းကျွန်တော်စောင့်နေမယ်
Jin- မင်း...ဘာ...
Seokjin စကားမဆုံးခင်မှာပဲ အခန်းထဲကနေ အပြင်ကို တွန်းထုတ်ခံလိုက်ရသည်~
Seokjin ဘာလုပ်ရမှန်းမသိပဲ သူ့အခန်းဆီပြန်လျှောက်နေမိတော့သည်
ဒီမနက်အထိ ဂျောင်ကုအပေါ်ထားတဲ့ သံယောဇဉ် နဲ့ခံစားချက်က ညီတစ်ယောက်ထက် မပို အခုလိုဂျောင်ကုဘက်ကဖွင့်ပြောလိုက်တော့လည်း သူ့ခံစားချက်တွေက ချက်ချင်းပြောင်းလဲဖို့်မဖြစ်နိုင်~
ထိုအချိန်~
ဒေါက်..ေဒါက်...
Tae- hyung.... hyung ကျွန်တော်ဝင်လာလို့ရလား?
Jin- အာ...taehyungလာလေ
Tae- hyung ပစ္စည်း ရှာတွေ့လား?
Jin- အင်း...တွေ့ပြီ
Tae- အဲ့ဒါဆို အောက်ထပ်သွားမယ်လေ အစောကြီးတော့မအိပ်ဘူးမလား
Jin- အင်း...
ဒီလိုနဲ့စကားတွေပြောနေရင်း~
Jhope - jungkook ရော jungkook ကိုမတွေ့ပါလား
Suga- ကမ်းခြေဘက်ကိုလမ်းသွားလျှောက်မယ်ပြောတာပဲ
Rm- ဟုတ်သားပဲ ဒီရောက်တာ 3၊4ရက်ရှိပြီ ကမ်းခြေဘက်တောင်မရောက်ဖြစ်ဘူး
Jimin - မနက်ဖြန်သွားမလား?
Tae- ကောင်းသားပဲ
Seokjin ကတော့ jungkook ကမ်းခြေဘက်လမ်းလျှောက်ထွက်တယ်ကြားတော့ မျက်နှာပျက် အခုချက်ချင်းထပြီးလိုက်သွားလိုက်ချင်ပေမယ့် ဂျောင်ကုကိုလက်ခံလိုက်သလိုဖြစ်သွားမှာမို့ 'sorry ပါ'လို့စိတ်ထဲကရေရွတ်ရင်း~
တစ်ဖက် မှာတော့ ညလုံးပေါက်ထိုင်စောင့်နေမိခဲ့သည်~
.သဘောတွေကောင်းနေပြန်ပါပြီ:)
.တော်ပြီကွာ ဒီတစ်ခါသဘောကျတဲ့ feedback မရမချင်း "COULD BE US"ကိုup ဘူးကွာ
.သဘောကောင်းလွန်းနေလို့ အကျင့်ပုတ်လိုက်တာ ဟီး...😛