13

554 55 3
                                    

အခုဆို Bangtan တို့ရဲ့အပန်းဖြေခရီးလေးဟာ Bangtan တို့အတွက်လုံလုံလောက်လောက်အနားယူပြီးသလောက်ရှိပြီမို့ အိမ်ပြန်ခရီးစတင်တော့မည် ဖြစ်သည်~

အိမ်ပြန်ခရီးမစတင်မှီ Bangtan တို့အတွက်သီးသန့် party တစ်ခုကျင်းပပေးမည်ဖြစ်သည်~

Party ပွဲတွင် Bangtan မိသားစုများအပါအဝင် နာမည်ကြီးဧည့်သည်တော်များ၊ နာမည်မကြီးပေမယ့် ဂုဏ်သရေရှိအသိုင်းအဝိုင်းကလူတော်တော်များများလည်း ပါဝင်ကြမည်ဖြစ်သည်~

Party ပွဲမတိုင်မှီတစ်ရက်အလို~

အိမ်ရှေ့မှဘဲလ်တီးသံကြောင့် jhope တစ်​ယောက်အိမ်ရှေ့ထွက်ပြီး မည်သူမည်ဝါမှန်းမသိပေမယ့် တံခါးဖွင့်ပေးလိုက်သည်~

ထိုသူ၏နာမည်မှာ Saungjoon ~သူသည်လည်း နာမည်မကြီးပေမယ့် အရှိန်အဝါရှိသောသူတစ်ဦးဖြစ်သည် Bangtan မှာဆိုရင်ဖြင့် seokjin နှင့်အသက်အတူတူလောက်ရှိမည်ဖြစ်သည်~

Sj- annyeonghaseyo...

Jhope - အာ...annyeonghaseyo!

Sj- တွေ့ရတာဝမ်းသာပါတယ် hoseok

Jhope - အာ...ကျွန်တော်လည်းဝမ်းသာပါတယ် ဒါနဲ့ ဒီက..

Sj- အော်...ကျွန်တော့်နာမည်က saungjoon ပါ Bangtan တို့နဲ့အတူ party ဆင်နွှဲမလို့ရောက်လာတာပါ

Jhope - အာ...ဟုတ်လား? ဖုန်းကြိုမဆက်ထားတော့ ဧည့်သည် ရောက် မယ်မှန်းမသိလိုက်ဘူး

Sj- ဟုတ်ပါတယ် ကျွန်တော်ကမပြောခိုင်းထားတာပါ Bangtan တို့ကို surprise လုပ်ချင်လိ​ု့လေ

Jhope - အော်...ဟော်...အဲ့လို့လား

Saungjoon နဲ့ jhope တို့စကားပြောရင်းရီမောလျှက် အိမ်ထဲဝင်လာခဲ့ကြသည်~

Rm- ဘယ်သူလဲ jhope

Jhope - အော်...ဒီမှာparty ဆင်နွှဲမယ့်ဧည့်သည်ရောက်လာပါပြီ

Jhope ရဲ့စကားအဆုံး member အားလုံးရဲ့အကြည့်များ jhope နဲ့ ဧည့်သည် ဆီရောက်သွားတော့သည်~

Sj- annyeonghaseyo... အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်

Bangtan - annyeonghaseyo

Bangtan တို့နဲ့အပြန်အလှန်နှုတ်ဆက်ရင်း~

Sj- အာ... အခုမှပဲ worldwide handsome jinကိုအပြင်မှာတွေ့ခွင့်ရတော့တယ် တကယ်ကိုဂုဏ်ပုဒ်နဲ့လိုက်ဖတ်တာပဲ ကျွန်တော်ကပိုတယ်ထင်နေတာ လိုတောင်လိုနေသေးတာပဲ

COULD BE USWhere stories live. Discover now