ဟောကိန်းတစ်ခုကြောင့် အိမ်ရှေ့စံမင်းသားဂျွန်ဂျောင်ဂု နဲ့ ကင်မိသားစုရဲ့ အငယ်ဆုံးသားငယ်လေး ကင်ထယ်ယောင်း တို့အသက် 5 နှစ်အရွယ်ထဲက စေ့စပ်ထိန်းမြားခဲ့ကြရသည်။
ဂျောင်ဂု သည်အနာဂတ်တွင် သူ၏ဧကရီ ဖြစ်လာမည့် ကင်ထယ်ယောင်း ကိုအလွန်မုန်းသည်။
ဘယ်သူကမှ ကိုယ်မချစ်မနှစ်သက်တဲ့ လူကိုအနာဂတ်မှာ ကိုယ့်ဧကရီ အဖြစ်မလိုခြင်ပါ။
သို့ပေမယ့် ထယ်ယောင်း သည်ဆန့်ကျင်ဘက် ကွဲပြားပြီး ဂျောင်ဂု ကိုအလွန်ချစ်မြတ်နိုးရှာသည်။ အမြဲတမ်း ဂျောင်ဂု နားကမခွာပဲ ပူးကပ်နေလေ့ရှိသည်။ ဂျောင်ဂု ဘယ်လောက်ပဲ တွန်းထုတ်တွန်းထုတ် ဂျောင်ဂု အနားမှာပဲ ရှိနေပေးသည်။
လူတိုင်း သူတို့နှစ်ဦးကို ချစ်စရာကောင်းတဲ့စုံတွဲလေး ဟုချီးမွမ်းလေ့ရှိသည်။
ဂျောင်ဂု ထိုအခြေမြစ်မရှိသည့် စကားကိုမုန်းတီးသည် ထက်ပို၍ နာကျည်းသည်။ ဘယ်သူကများ ဟောကိန်းကြောင့်နဲ့ လက်ထပ်ခြင်မှာမို့လဲ။
ငယ်ငယ်ထဲက ဧကရီဖြစ်ရမယ် ဆိုတဲ့စကားကြီးကြောင့် အရွယ်နဲ့မလိုက်တဲ့ သင်ခန်းစာတေနဲ့ မပြီးဆုံးနိုင်တဲ့ စာတေဆိုတာ ထယ်ယောင်း ဖျားနာနေသည်ထိ လုပ်ခဲ့ရသည်။
နှစ်အတော်အတန်ထိ ထယ်ယောင်း ကတော့ ဂျောင်ဂု အနားကပ်ပြီး ပူးကပ်နေတုန်း။
ကြယ်ပွင့်လေးလို တောက်ပပြီး လှပသည့် ဧကရီကို အိမ်နီးခြင်းနိုင်ငံတေရဲ့ ဘုရင်တေက လိုခြင်လွန်းလို့ ငမ်းငမ်းတတ်ပဲ သို့ပေမယ့် ဧကရီကတော့ စိတ်မ၀င်စား ပထမဆုံးညမှာတောင် ရောက်မလာခဲ့တဲ့ သူ၏ဧကရာဇ်ကိုပဲ မြင်သည်။
သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးသည် တင်းမာလာခဲ့သည်။ ထိုအရာမှာ တစ်ခြားအရာကြောင့် မဟုတ် ဧကရာဇ်သည် မျိုးရိုးမြင့်မိန်းကလေးငယ် တစ်ဦးဖြစ်တဲ့ ယွန်ဟာနာ ကိုဘာမပြောညာမပြောနဲ့ မိဖုရားအဖြစ် တင်မြှောက်လိုက်ခြင်းကြောင့် ဖြစ်သည်။
ဧကရီကို ရှေ့မှာထား၍ ထိုမိဖုရားနှင့် ချစ်ပြလေ့ရှိပြီး ဧကရီ၏ ၀မ်းနည်းမှုအတိုင်းသား ပါ၀င်နေသော မျက်၀န်းတေကို ကြည့်၍ပျော်ရွှင်နေလေ့ရှိသော ဧကရာဇ်က ဧကရီကိုအဲ့လောက်ထိ မုန်းသည်။

YOU ARE READING
I'm Not Your Empress (S1 Complete)
FanfictionStart Date - 21.4.2022 End Date - 3,5,2022 Author - Vino