(Ep 7)

1.2K 109 2
                                    

မွေးနေ့ပွဲရက်မတိုင်မှီ နှစ်ရက်အလိုတွင် ယွန်အိမ်တော်တွင် အစေခံအသစ်တစ်ယောက်ရောက်နေသည်ကို မည်သူမှသတိမထားမိပါ။

ယွန်အိမ်တော်မှ အစေခံတစ်ဦးကို လုပ်ကြံသတ်ဖြတ်ပြီး တိတ်တဆိတ်၀င်ရောက်ခဲ့သော အစေခံမိန်းကလေး ယူရီ။

ယူရီ သည်သူမ၏ ဆန်းကြယ်လှပသော နက်ပြာရောင်ဆံနွယ်များအား သူမကိုယ်တိုင် သတ်ဖြတ်လိုက်သည့် အစေခံမိန်းကလေး ဘယ်လာ ၏ဆံပင်အရောင် ဖြစ်သော အညိုရောင်ဆံနွယ်‌တေနှင့်တူညီသော ဆံပင်အတုကို အသုံးပြုထားပြီး မျက်လုံးအရောင်ကိုလဲ ပြောင်းလဲစေရန် ရေရှည်သုံးနိုင်သော ဆေးရည်တစ်မျိုးသောက်သုံးထားသဖြင့် မည်သူမှသတိမထားမိပဲ ဘယ်လာ ဟုသာထင်နေကြသည်။

ယွန်အိမ်တော်သို့ ခိုး၀င်ခဲ့တဲ့ရက်မှစ၍ အခြားသောအစေခံများနှင့် တရင်းတနှီးပေါင်းသင်းဆက်ဆံပြီး သူမဘက်သို့သိမ်းသွင်းခဲ့ပြီး လက်ဆောင်တစ်ချို့ပါပေးကမ်းခဲ့သည်။ အချိန်တိုအတွင်း အစေခံများသည် ယူရီ မှ ယူရီ ဖြစ်လာပြီး ယွန်ဟာနာ ကိုတောင် မျက်ကွယ်ပြုလာကြသည်။

မောက်မာပြီး အချိန်တိုင်း ပန်းနုသွေးလေ့ရှိသော သခင်မလေးကို မကြေနပ်သည့် အကြောင်းများလည်း ပြောတတ်ကြသည်။ သို့သော် ယူရီ သည်သူမဘယ်သူမှန်းမသိသာစေရန် ယွန်ဟာနာ အနားသို့သာ ကပ်နေပြီး ယွန်ဟာနာ ကိုအနည်းကပ် ရင်းနှီးရန်ပြုလုပ်ပြီး ယွန်ဟာနာ ၏အကြိုက်လိုက်နေပေးပြီး ယွန်ဟာနာ ကိုမြှောက်ပင့်ကာ သခင်ငယ်လေး ခိုင်းသည့်အတိုင်း ပြုလုပ်နေသည်။

ထိုနှစ်ရက်အတွင်း ယွန်ဟာနာ ၏ကိုယ်ရေးအစေခံများကြား အိမ်ရှေ့စံမင်းသားနှင့် မင်း‌သားလေး မွေးနေ့ပွဲတတ်ရောက်မည် ဆိုသောစကားများနှင့် မင်းသားလေး ကင်ထယ်ယောင်း ဘယ်လောက်ချောမောကြောင်း စသည်ဖြင့်သတင်းစကားများ ဖောင်ဖွဲ့၍ ပျံ့နှံ့နေပါသည်။

ထိုသို့သော မင်းသားလေး ထယ်ယောင်း ၏ချောမောမှုကို ဖွဲ့နွဲ့ပြောနေကြောင်း ယွန်ဟာနာ ကြားသည့်အခါ မနာလိုဖြစ်နေပြန်သည်။

"မုန်းလိုက်တာ သူကဘာမို့လို့ အဲ့လောက်နာမည်လာကြီးနေရတာလဲ!"

I'm Not Your Empress (S1 Complete)Where stories live. Discover now