(Ep-3)

1.4K 127 0
                                    

I'm Not Your Empress Ep-3

ရူးတယ်........ငါကရူးတယ်ဆိုတာထက်ကိုပိုတယ်။ တစ်ဖက်လူက ငါ့ကိုမုန်းသွားအောင် လုပ်လိုက်မိပြီ။

အိမ်ရှေ့စံမင်းသား ဆိုတဲ့ရာထူးက အင်ပါယာရဲ့ ပထမဆုံးသော သားဦးမို့လို့ပဲ။ ဒါပေမယ့် ငါ့ကိုအမှန်တကယ် ချစ်မြတ်နိုးတဲ့လူ ရှိလို့လား?။

နိုင်ငံရေးကြောင့် လက်ထပ်ထားရတဲ့ မယ်တော်နဲ့ ခမည်းတော်ရဲ့ ခက်ထန်တဲ့ ဆက်ဆံရေး ကငါ့ရဲ့ဆိုးရွားတဲ့ ငယ်ဘ၀လိုပဲ။

တံခါးနောက်ကနေ မိဘတေရန်ဖြစ်တာ ခိုး‌နားထောင်ရင်း ငိုကြွေးနေရတဲ့ ကလေးတစ်ယောက်လိုပဲ စိတ်ပျက်စရာကောင်းတယ်။

အဲ့လိုစိတ်ပျက်စရာဘ၀ထဲကို ၀င်လာတဲ့ ပထမဆုံးလူက ကင်ထယ်ယောင်း။ ငါ့အသက် 7 နှစ်မှာသူနဲ့ ဟောကိန်းကြောင့် စေ့စပ်ခဲ့ရတယ်။

အရေးမပါတဲ့ စေ့စပ်ထိန်းမြားမှုက မုန်းဖို့‌ကောင်းတယ်။ ခမည်းတော်နဲ့ မယ်တော်ရဲ့ ဆက်ဆံရေးက သူ့ကြောင့်ပြန်အဆင်ပြေလာခဲ့တာတဲ့။

ထက်မြတ်ပြီး ‌တောက်ပတဲ့သူ့ကို ခမည်းတော်နဲ့ မယ်တော်က သဘောကျကြတယ်။ ငါ့ကိုတောင် တစ်ခါမှအဲ့လို သဘောကျ‌ခြင်းမျိုးမရှိဘူး။ မနာလိုခဲ့တယ်။

ငါ့ကို “ချစ်တယ်” ဆိုတဲ့စကား ပထမဆုံးပြောခဲ့တဲ့သူ့ကို “မုန်းတယ်” လို့ပြန်တုံ့ပြန်တယ်။ ဒါပေမယ့် ငါပိုမုန်းလေ သူကပိုချစ်လာလေပဲ။ လူတိုင်းက ငါ့ကိုချစ်ခင်ကြတယ်။ အဲ့‌တာတေက အပေါ်ယံတေပဲ။

ဒါပေမယ့် ငါ့ကိုအချိန်တိုင်း ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတာဆိုလို့ သူတစ်ယောက်ပဲရှိတယ်။ ခွေးရူးလိုတုံးအပြီး ရူးနေတဲ့ငါက ဒါတေကိုနားလည်ရဲ့သားနဲ့ သူ့ကိုမုန်းနေခဲ့တယ်။

အခုတော့ ငါ့ကြောင့်သူငါ့ကို မုန်းသွားပြီ။ “ယောင်း” ဆိုတဲ့နမ်စားနေရာမှာ “ငါ” လို့သုံးနှုန်းလောက်အောင် စက်ဆုပ်သွားတဲ့အထိ။ ”ဂျွန်” ဆိုတဲ့နေရာမှာ “မင်း” ဆိုပြီးအေးအေးစက်စက် လေသံနဲ့ပြောလာတဲ့ အထိမုန်းသွားပြီ။ ကြင်နာမှုတေပြည့်နေတဲ့အကြည့်ကနေ စိတ်ပျက်ရွံရှာနေတဲ့အကြည့် ကိုပြောင်းလဲသွားပြီ။

I'm Not Your Empress (S1 Complete)Where stories live. Discover now