(Ep-2)

1.5K 150 1
                                    

စည်ကားပြီး အလွန်လှပသော အိုလီယာဈေး။ ‌အဆောက်အအုံ အသီးသီးနှင့် ရောင်းချသော လက်၀တ်ရတနာ၊ အ၀တ်အစား၊ အလှပပစ္စည်းများနှင့် မျိုးစုံသော အသုံးအဆောင် ပစ္စည်းများရောင်းချနေကြသည့် အိုလီယာ‌ဈေးကြီးသည် လူသန့်သည့် နေရာဖြစ်သည်။

မျိုးရိုးမြင့်အတော်များများနဲ့ အထက်တန်းလွှာအများစုက အိုလီယာ လိုနေရာမျိုးမှာ ဈေးဝယ်ထွက်ကြသည်။ အိုလီယာ ကလူနည်းနည်းရှုပ်ပေမယ့် သာယာတဲ့နေရာတစ်ခုပါပဲ။

ပန်းပုဆရာတေ အကောင်းဆုံး ထုစစ်ထားတဲ့ ရုပ်ထု‌တေနဲ့ အိုလီယာရေပန်းက လူတိုင်းသဘောကျတဲ့ နေရာပေါ့။ အဲ့မှာပန်းချီဆရာတေတောင် တွေ့နိုင်တယ်။

ဒီနေရာကို ‌အတိတ်တုန်းက ရောက်ဖူးတယ်။ အဲ့လူနဲ့တူတူ‌ ဒီနေရာကို ရောက်ခဲ့တာပဲ။ သေချာတာပေါ့! အရင်ကငါ့အတွက်တော့ အဲ့တုန်းက ပျော်စရာကောင်းပြီး ချိုမြိန်တဲ့အချိန်ပေါ့။ ဒါပေမယ့် အခုတော့မဟုတ်ဘူး တစ်ချိန်တုန်းက တုံးအတဲ့ငါက သူ့ကို(ဂျောင်ဂု) ချစ်မြတ်နိုးပေမယ့် ဒီကာလရဲ့ ထက်မြတ်ပြီးတောက်ပလာမဲ့ငါက သူ့ကိုအရမ်းရွံရှာပြီး မုန်းတီးသွားတယ်။ စက်စုပ်တယ်။ အရမ်းစိတ်ပျက်မိတယ်။

ကျစ်! ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းပြီး စုတ်ပဲ့လိုက်တဲ့ အမှတ်တရတေပါလိမ့်။ ဒီလိုဟာတေကို ငါ့ရင်ထဲက အနက်ရှိုင်းဆုံး ခြောက်နက်တစ်ခုမှာ သိမ်းစည်းထားရင်း ငါကပိုပြီး သန်မာလာလိမ့်မယ်။

ငါဆိုတဲ့လူက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတိုက်ခိုက်ခြင်ပေမယ့် ငါ့နားကလူတေကိုသာ ထိခိုက်လာရင် အဲ့လူကသူဖြစ်ရင်တောင် ငါဂရုမစိုက်ဘူး။

တစ်ချိန်တုန်းက ငါ့ရဲ့ပြိုလဲမှုကို ပျော်ရွှင်စွာ စောင့်မျှော်နေတဲ့ ဂျွန်ဂျောင်ဂု.......။

ဒီကာလ ဒီအချိန်မှာ ရှိနေတဲ့ ကင်ထယ်ယောင်း ဆိုတဲ့ငါကလဲ မင်းအတွက် ပျက်စီးခြင်းတေ ယူဆောင်လာပေးပြီး မင်းပြိုလဲသွားမှာကို ပျော်ရွှင်စွာ စောင့်မျှော်နေမှာပါ.......။

‌အတွေးနွံနစ်ပြီး တစ်ယောက်တည်း လျှောက်လာလိုက်တာ နောက်လှည့်ကြည့်မှ လီလီ ကျန်ခဲ့တာသိသည်။

I'm Not Your Empress (S1 Complete)Where stories live. Discover now