“ယောင်း......ယောင်း နိုးလာပြီ!”
ဝေဝါးနေတဲ့မျက်လုံးတေထဲ လူတစ်ယောက်က စိုးရိမ်ပူပန်နေတယ်။
“ဘယ်သူလဲ?”
“ကိုယ်ပါ......ဂျွန်လေ”
“မူးတယ်!”
“အစေခံတေ သမားတော်ခေါ်ကြစမ်း”
ဩရှရှအသံလေးနှင့် သူမူးဝေနေကြောင်း ပြောလာတဲ့ ယောင်း ကြောင့်အစေခံတေကိုခေါ်ရလေသည်။
“ဟုတ်ကဲ့ပါ အရှင့်သား”
သမားတော်အပြေးအလွှားသွားပင့်ကြတဲ့ အစေခံတေရုန်းရင်းဆန်ခက်ဖြစ်နေလေသည်။
“ယောင်း ရေသောက်ပါဦး!”
ယောင်း ကိုရေတိုက်ပြီး သမားတော်ကို စောင့်မျှော်နေသော ဂျောင်ဂု စိတ်မအေးရပါ။
“သမားတော်ကြီးရောက်ပါပြီ”
“ရောက်ပြီဆိုလဲ မြန်မြန်ခေါ်ခဲ့ကြလေ အသုံးမကျလိုက်တာ!”
သမားတော်ရောက်လာပြီဟု ကြားသည်နှင့် ဂျောင်ဂု အစေခံတေကိုမဲလေတော့သည်။ သမားတော်သွားခေါ်တာ အဲ့လောက်ကြာလား။
“ကျွန်တော်ရောက်ပါပြီ အရှင့်သား”
သမားတော်၀င်လာသော်လည်း ဂျောင်ဂု မျက်နှာအလိုမကျ တင်းမာနေသေးသည်။
သမားတော်အပြေးအလွှား ယောင်း စီသို့သွားပြီး အချက်အလက်များ လျှင်မြန်စွာရယူပြီး စစ်ဆေးလိုက်သည်။ ကြည့်ရတာ မင်းသားလေးမှာ စွမ်းရည်တစ်ခုရှိပုံ။
အပ်စ်လင်အဆိပ် ဒီအဆိပ်ကမင်းသားလေးသောက်လိုက်တဲ့ အအေးထဲပါ၀င်နေတယ်။ ဘယ်လောက်ပဲ ကိုယ်ခံအားကောင်းပြီး သန်မာနေပါစေ ဒီအဆိပ်သောက်လိုက်မိတဲ့သူက သေကိုသေရတယ်။ ကုသလို့မရတဲ့ ဒီအဆိပ်ကို စီယန်တိုင်းပြည်နဲ့ ဂျွန်တိုင်းပြည်ရဲ့ နှစ်နိုင်ငံကြားမြေအောက်ဈေးကွက်မှာ နေရာယူနေတဲ့အဆိပ်ပဲ။ မင်းသားလေးမှာ ထူးခြားတဲ့စွမ်းရည်ရှိနေတယ်။
“အရှင့်သား......မင်းသားလေး အခြေနေကရက်အနည်းငယ်လောက် အနားယူရင်ရပါပြီ ပြီးတော့ မင်းသားလေးအနေနဲ့ အဆိပ်ကိုခံနိုင်ရည်ရှိတာက........ကံကောင်းလွန်းပါတယ်”
![](https://img.wattpad.com/cover/308383602-288-k493727.jpg)
YOU ARE READING
I'm Not Your Empress (S1 Complete)
FanfictionStart Date - 21.4.2022 End Date - 3,5,2022 Author - Vino