[Unicode](T.N_ အစကတော့ ဒါလေးကို နောက်မှဘဲရေးမလို့ပဲ... ဒါပေမဲ့ reader လေးတွေက ဖတ်ချင်နေတာမလို့ရေးပေးလိုက်တယ်နော်)
ရှောင်ကျန့်သည် သမီးရည်းစားဆက်ဆံရေးတွင် ကံမကောင်းသူဖြစ်သည်... သူဟာ လှပပြီးချောမောချစ်စရာကောင်း၏... သူအသက်၂၂နှစ်ပြည့်သွားပေမဲ့လည်း သူ့မှာရည်းစားတစ်ယောက်မှမရှိပေ... သူကgayတစ်ယောက်ဖြစ်ပြီး ကောင်လေးတော်တော်များနဲ့ချိန်းတွေ့ခဲ့ပေမဲ့လည်း အဆင်မပြေခဲ့ပေ.... ဘယ်လိုအဆင်မပြေတာလဲ? သူပြောလို့တောင်မကောင်းပေ .... သူတစ်ရက် အိပ်ရာကနိုးလာချိန်မှာ သူချိန်းတွေ့ခဲ့တဲ့လူကို ငါတို့ဇာတ်လမ်ပြီးပြီလို့သူပြောလိမ့်မယ်... ငါမင်းကိုမချစ်ဘူး! မုန်းတယ်! ပြီးတော့ ငါ့နားကိုဘယ်တော့မှမလာနဲ့ ! မဟုတ်ရင် မင်းကို ကုန်းကုန်းဖြစ်သွားအောင်လုပ်ပစ်မယ်! နောက်တော့ ရှောင်ကျန့်မှာသူ့စကားတွေကိုနောင်တရသော်လည်း နောက်ကျသွားပြီဖြစ်၏... အဲ့ဒါက မသိရင် သူ့ခန္ဓာကိုယ်ထဲမှာ ရည်းစားတွေကိုပြတ်အောင်လုပ်နေတဲ့ နတ်ဆိုးဝိညာဉ်ရှိနေသလိုပင်.. သူအသိစိတ်ပြန်ရလာတဲ့အချိန်မှာတော့ အရမ်းနောက်ကျသွားလေသည်....
အခုတော့ သူ့ဘာတွေဖြစ်နေလဲဆိုတာသိနိုင်ဖို့ ဘုန်းတော်ကြီးတစ်ပါးကိုသွားတွေ့ရန်စီစဉ်ထားလေ၏....
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဝမ်ရိပေါ်သည် ၂၅နှစ်ရှိပြီဖြစ်ကာ U.Sမှာကျော်ကြားတဲ့ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်၏... သူငယ်ငယ်ကတည်းက U.Sမှာပဲနေ အဲ့မှာပဲပညာသင်ပြီး အလုပ်လုပ်နေတာဖြစ်သည်... တရုတ်နိုင်ငံမှာဆိုရင် သူ့မိသားစုက တရုတ်နိုင်ငံရဲ့တစ်ဝက်ကို ပိုင်ဆိုင်၏... သူတို့လုပ်ငန်းတွေကလည်း တိုးတက်အောင်မြင်လာသည်.... သူတို့မိသားစုဟာ ကြီးမားပြီး လူတွေကြောက်ရွံ့ကြသည်... အုပ်ချုပ်ရေးပိုင်းက ရာထူးအများစုကိုလည်း သူတို့မိသားစုကကူညီထားတာဖြစ်သည်....

YOU ARE READING
ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empress
RomanceThis story is not mine. Season-2 of unfavoured empress Original author-FatumaHabuya Story title - Fated cover photo from original author start date-23.4 2022 end date