5

2.1K 187 4
                                    


[Unicode]

နောက်တစ်နေ့မှာ ရိပေါ်ရဲ့ဝမ်းကွဲက ရိပေါ်ဆီသွားလည်၏.... ရိပေါ်က ထုံးစံအတိုင်း မျက်နှာသေနဲ့စာအုပ်တစ်အုပ်ဖတ်နေတာကို တွေ့လိုက်ရ၏... ရိပေါ်ရဲ့ဝမ်းကွဲဖြစ်တဲ့လီဝေ့က စာဖတ်ရတာဘယ်လောက်တောင်ကောင်းလို့လဲဟု သူအမြဲသိချင်နေသည်... ပျင်းစရာကောင်းပြီး ရှုပ်ထွေးလေးနက်တဲ့စာအုပ်တွေဖတ်တာမဟုတ်ဘဲ အခြားပျော်စရာတွေအများကြီးရှိပါသေးတယ်....

"မင်းမနေ့ညကဘယ်ရောက်နေလဲ... မင်းမိဘတွေက မင်းဘယ်မှာလဲဆိုတာငါ့ကိုခေါ်မေးတယ်" ရိပေါ်စာအုပ်ပိတ်ကာ ဆယ်ကျော်သက်ကောင်လေးကိုမေးလိုက်တော့ ကောင်လေးကမျက်မှောင်ကြုတ်လိုက်လေသည်... ဘာပဲဖြစ်ဖြစ် အဲ့ဒါအားလုံး ဝမ်ရိပေါ်ရဲ့အမှား မနေ့ညက သူ့ကိုသူစိမ်းတွေကြားမှာတစ်ယောက်တည်းထားခဲ့တာ....

"အစ်ကို ကျွန်တော့်ကိုတစ်ယောက်တည်းထားခဲ့တာလေ.... အစ်ကိုပြန်ပေးဆွဲသွားတဲ့လူရဲ့သူငယ်ချင်းတွေက ကျွန်တော့်ကိုသွားခွင့်မှမပေးတာကို" လီဝေ့မကျေမနပ်ပြောလိုက်၏.... ရိပေါ်မှာစကားတစ်ခွန်းမှမပြောဘဲ ခဏလောက်ကြာတော့ သူ့ဝမ်းကွဲကိုမျက်နှာချင်းဆိုင်လိုက်သည်....

"မနေ့ညက ငါခေါ်လာတဲ့လူ မင်းမျက်လုံးထဲမှာတော့ ငါပြန်ပေးဆွဲသွားတဲ့လူပေါ့ အဲ့လူရဲ့နာမည်ကို မင်းသိလား.... "ရိပေါ်မေးလိုက်တော့ လီဝေ့ကြောင်အသွားကာ ရိပေါ်ကိုအံ့ဩတဲ့အကြည့်နဲ့ကြည့်လိုက်၏.... သူ့ဝမ်းကွဲက ဒီလိုမေးခွန်းမျိုးမေးလိမ့်မယ်လို့ သူလုံးဝမထင်ထားပေ.... သူကသာ သူစိမ်းကောင်လေးကိုခေါ်သွားတဲ့လူဖြစ်ပြီးတော့ အခုတော့သူ့ကိုလာမေးနေသည်....

"ဝမ်းကွဲအစ်ကို.... ကျွန်တော်သူ့နာမည်ကိုသိလိမ့်မယ်လို့ ဘာလို့ထင်တာလဲ... အစ်ကိုပဲ သူနဲ့အတူရှိနေတာလေ... မနေ့က အစ်ကို သူ့အ‌ပေါ်မှာ လုံးဝသဝန်တိုနေတာနဲ့ပဲ ကျွန်တော်သူ့ကို ကောင်းကောင်းတောင်မမြင်လိုက်ရဘူး" လီဝေ့တစ်ယောက် မျက်လုံးလှိမ့်ရင်းပြန်ဖြေလိုက်၏... သို့သော်လည်း သူ့အစ်ကိုဝမ်းကွဲရဲ့ အန္တရာယ်ရှိတဲ့အကြည့်တွေနဲ့အကြည့်ခံလိုက်ရတာကြောင့် လီဝေ့ပါးစပ်ပိတ်ကာ လုံခြုံတဲ့နေရာသို့ရွှေ့လိုက်လေသည်... 

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressOnde histórias criam vida. Descubra agora