Epilouge

1.7K 83 0
                                    

Unicode

"ခဲ့လန်... မင်းချစ်သူက အရမ်း အရမ်းကို လန်းတာပဲ" ရှောင်ကျန့်မှာ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြောလိုက်၏... သူ့ရဲ့ရင်ခုန်နေတဲ့ အပြုအမူက သူ့ကို ထိုးဖောက်မတတ်ကြည့်နေတဲ့ ရိပေါ်ကိုမြင်တော့ စိုးရိမ်သည့်အမူအရာသို့ပြောင်းသွားလေသည်.... ကြည့်ရတာ သူ့ယောက်ျားက သူတခြားတစ်ယောက်ကို ချစ်နေတာ မိသွားတဲ့အတိုင်းပဲ

"ယောက်ျား... ရောက်လာပြီးလား.... ငါစောင့်နေတာ.... ခဲ့လန်က ငါ့ကို သူ့ချစ်သူနဲ့မိတ်ဆက်ပေးနေတာ... သူက အရမ်းချောတာပဲ"ရှောင်ကျန့်ပြောနေပေမဲ့ ရိပေါ်က သူ့ကို ရုတ်တရက် ဆွဲလိုက်တာကြောင့် လန့်ကာ အော်လိုက်လေသည်....

"မင်းလက်ထပ်ထားတယ်ဆိုတာ ဘယ်အချိန်မှသိမှာလဲ...ဟန်? ဘယ်အချိန်မှ တခြားယောက်ျားကို စိတ်ကူးယဥ်နေတာရပ်မှာလဲ... မင်းအရမ်းလွန်နေပြီ!!" ရိပေါ်ပြောကာ ရှောင်ကျန့်ကို ဆိုဖာပေါ်တွန်းချလိုက်ပြီး အပေါ်ကနေ အုပ်မိုးလိုက်သည်.... ခဲ့လန်မှာတော့ ပြုံးကာထွက်သွား၏.... ကြည့်ရတော့ သူ့မရီးလေးတော့ အပြစ်ပေးခံရတော့မယ်ထင်တယ်.... ရိပေါ် လက်က သူ့အင်္ကျီထဲ ဝင်လာတာကို ခံစားမိတော့ ရှောင်ကျန့်တစ်ယောက် တောင့်တင်းသွားလေသည်....ရိပေါ်က သူ့အ‌ပေါ်မှာ အုပ်မိုးထားပြီး ခြေထောက်တွေကိုပါ ချုပ်ထားတာမလို့ အလွန်ရှက်နေလေသည်....

"ယော...ယောက်ျား...အခုက ဧည့်ခန်းထဲမှာလေ.... ဒါမှမဟုတ် အခန်းထဲကို သွားကြမလား.... ငါ့ရဲ့သဝန်တိုနေတဲ့ ယောက်ျားလေးကို ပြုစုပေးပါမယ်.... ငါ တခြားယောက်ျားကို စိတ်ဝင်စားရင်တောင် မင်းက ငါအချစ်ဆုံးယောက်ျားဖြစ်နေတုန်းပါပဲ... မင်းက ထာဝရအတွက် ငါ့ရဲ့တစ်ဦးတည်းသော အမျိုးသားပါ" ရှောင်ကျန့် လက်တွေက ရိပေါ်လည်ပင်းကိုချိတ်တွယ်ထားပြီး မျက်နှာကို ရိပေါ်ရင်ခွင်မှာ အပ်ထားရင်း ပြောလိုက်လေသည်... ရှောင်ကျန့်ခြေထောက်တွေကတော့ ရိပေါ်ရဲ့ ခြေထောက်ခြားမှာထားရင်း ရိပေါ်အရာကြီးကို ပွတ်သပ်နေလေသည်.... ရိပေါ်မှာ ကူကယ်ရာမရဘဲ ညည်းတွားနေလေသည်....

"ကိုယ်မင်းကို ငိုယိုပြီး တောင်းပန်ရအောင်လုပ်ပြမယ်" ရိပေါ်ပြောရင်း ရှောင်ကျန့်ကို သတို့သမီးပုံစံပွေ့ချီကာ အခန်းထဲကို ‌သွားလေ၏.... ရှောင်ကျန့်မှာအော်ဟစ်နေရပြီး အခြားယောက်ျားကို စိတ်မဝင်စားဖို့ ကတိပေးရင်း အမှန်တကယ်ပင် သနားညှာတာပေးဖို့ ငိုယိုကာ တောင်းပန်နေရတော့သည်.. သူ့မှာကောင်းကောင်းကြီးအစားခံလိုက်ရကာ တစ်ပတ်လောက် အိပ်ရာထဲတွင် လှဲနေလိုက်ရ၏... မင်္ဂလာပွဲကျင်းပဖို့ ရက်အနည်းငယ်အလိုမှသာ လုံးဝသက်သာသွားလေသည်.... တစ်အိမ်လုံး ရှောင်ကျန့်မိသားစုဝင်တွေနဲ့ ရိပေါ်မိသားစုဝင်တွေနဲ့ အသက်ဝင်နေလေ၏.... ရှောင်ကျန့်မှာ ရိပေါ်ကို အကုန်လုံး သူ့စိတ်ကြိုက်လုပ်ခွင့်ပြုထားလိုက်လေသည်.... လူချောတစ်ယောက်ကို စိတ်ဝင်စားမိလို့ နောက်တစ်ကြိမ်မပြစ်ပေးမခံချင်သေးဘူး... ဒီအတိုင်း စိတ်ဝင်စားရုံလေးပဲကို အဲ့လောက်ဆိုးလို့လား... သူက ဒီအတိုင်း ဘုရားသခင်ရဲ့ ဖန်တီးမှုလေးကို သူက တန်ဖိုးထားပေးထားပေးတာပါ... ဒါပေမဲ့ ဘယ်သူမှသူ့ကို နားမလည်ကြဘူး.... ငါ့ကိုများ သူတို့က ပရောပရည်လုပ်တတ်တဲ့လူလို့ ထင်နေကြတယ်....

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now