13

1.3K 119 0
                                    


[Unicode]

ထိုနေ့တွင် ရှောင်ကျန့်မှာ အိမ်ကို စောစောပြန်လာသည်...သူအိမ်ပြန်တိုင်း သူ့မားက သူ့အားစောင့်နေတာကို သူတကယ်မုန်း၏...

"မား... ဘယ်အချိန်အိမ်ပြန်မှာလဲ... ဒီမှာပဲ ကျွန်တော်နဲ့နေမှာတော့ မဟုတ်ဘူးမလား... မားပျင်းနေလိမ့်မယ်" ရှောင်ကျန့်မေးလိုက်တော့ သူ့မားက မျက်လုံးလှိမ့်လိုက်ကာ လက်သည်းဆက်ဆိုးနေ၏...

"မင်း ကိုယ်ဝန်ဆောင်တာကို ငါ့မျက်လုံးနှစ်လုံးနဲ ့ မမြင်ရမချင်း ငါမပြန်ဘူး... မင်းက ငါ့ရဲ့တစ်ဦးတည်းသောသားပါ... ဒါပေမဲ့ မင်းက ငါ့အတွက်မြေးလေးတစ်ယောက်မွေးပေးရမယ့်အစား ငါ့ကိုလှည့်စားဖို့ပဲ မင်းကောင်းကောင်းသိနေတယ်" သူမ စကားကြောင့် ရှောင်ကျန့်မှာ စိတ်ဆိုးသွား၏... မားက သူ့ကိုနှိပ်စက်ဖို့များ ဒီရောက်လာတာလား... သူဘယ်လိုလုပ်ကိုယ်ဝန်ရှိနိုင်မှာလဲ... သူ့ကောင်လေးက စွမ်းမှမစွမ်းဆောင်နိုင်တာကို....

"မား! ကျွန်တော်ကလေးယူဖို့ အဆင်သင့်မဖြစ်သေးဘူး... ကျွန်တော့်အနာဂတ်အတွက် အစီအစဉ်ချနေတုန်းပဲ.... ကျွန်တော်အဆင်သင့်ဖြစ်ရင် အိမ်ထောင်ပြုပြီး ကလေးမွေးပါ့မယ်"

"မား... ကျွန်တော်သူ့ကို ချက်ချင်းလက်ထပ်ပြီး ကလေးရအောင်လုပ်နိုင်ပါတယ်.... ကျွန်တော်က လက်ထပ်ချင်နေတာ... ဒါပေမဲ့ မားရဲ့သားကို စိတ်ကျေနပ်အောင်လုပ်ဖို့က တော်တော်ခက်တယ်...ရှောင်ကျန့်... ကိုယ်မင်းနဲ့ စကားပြောဖို့လာခဲ့တာ... ကိုယ့်မှာပြောစရာရှိတယ်" ရိပေါ်က အထဲဝင်ဝင်လာချင်းပဲ ပြောလိုက်သည်... ထို့နောက် ထုံးစံအတိုင်း ရှောင်ကျန့်အမေကို လေးလေးစားစားနှုတ်ဆက်လိုက်၏.. ရိပေါ်က စကားများတဲ့လူမဟုတ်ဘူးဆိုတာကို ရှောင်ကျန့်မားက သတိထားမိသည်... သို့သော် သူမသားဆီကိုလာရင်တော့ အမြဲတမ်းပြောစရာရှိနေ၏.... ရိပေါ်က သူမသားကိုချစ်ပြီး သူမသားအတွက်ဆိုရင် ဘာမဆိုလုပ်နိုင်တယ်ဆိုတာ သူမသိသည်... ရှောင်ကျန့်တစ်ယောက် ရိပေါ်နောက်ကနေ အိမ်အပြင်ဘက်ကို လိုက်လာသည်...

"ဘာဖြစ်လို့လဲ ဝမ်ရိပေါ်.... မင်းခံစားချက်တွေပြောဖို့ ဒီကိုလာတာတော့မဟုတ်ဘူးမလား.... မင်းသိပြီးသား...."

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressOnde histórias criam vida. Descubra agora