9

1.5K 132 6
                                    

[Unicode]

ရိပေါ် ရှောင်ကျန့်ကို သူ့ကားထဲဝင်ခိုင်းပြီး မောင်းထွက်လာလိုက်၏... နည်းနည်းလောက် မှင်တက်နေတဲ့ရှောင်ကျန့်က အာရုံပြန်ရလာတော့ ရိပေါ်ကိုကြည့်လိုက်သည်...

"မင်း ငါ့ကိုဘယ်ခေါ်သွားနေတာလဲ" ရှောင်ကျန့်မေးလိုက်သည်... ရိပေါ်သွားနေတဲ့လမ်းကို သူတစ်ခါမှမသွားဖူးပေ... ရိပေါ်ကတော့ စကားမပြောဘဲ ကားဆက်မောင်းနေလေသည်... ငါးမိနစ်လောက်ကြာတော့ သူရှောင်ကျန့်ကိုကြည့်ကာ ပြုံးလိုက်၏....

"မင်းက blind dateကြောင့် စိတ်မချမ်းသာနေပုံရတယ်... ဒါကြောင့် ကိုယ်မင်းကိုကူညီတာပါ... ဒါက ကိုယ့်ကိုယ်ကို ကူညီတယ်ဆိုလည်းဟုတ်တယ်... ကိုယ်ဘယ်သူနဲ့မှရန်မဖြစ်ချင်ဘူး" ရိပေါ် စကားကိုဆုံးအောင် ထပ်မပြောလိုက်ပါ... သူကောင်းကောင်းသိ၏... သူရှောင်ကျန့်နားမှာရှိနေသမျှကာလပတ်လုံး အပြိုင်အဆိုင်တစ်ခုရှိလာမှာစိုးရိမ်စရာမလိုပေ... ရှောင်ကျန့်က ထာဝရသူ့အပိုင်သာဖြစ်သည်... သူနဲ့ သူချစ်ရတဲ့ရှောင်ကျန့်ကြားဝင်လာဖို့ကြိုးစားတဲ့လူမှန်သမျှကို သူဖြေရှင်းပစ်မှာ....

"ကျေးဇူးပဲ... ဒါပေမဲ့ မင်း ကိုယ့်ကိုယ်ကို အပင်ပန်းခံစရာမလိုပါဘူး... အဲ့blind date တွေကို ငါ့ဘာသာ ကိုင်တွယ်လို့ရတယ်"ရှောင်ကျန့်အပြောကြောင့် ရိပေါ်မျက်မှောင်ကြုတ်လိုက်၏... ဘာလို့အပင်ပန်းမခံရမှာလဲ... အခုက သူ့အချစ်ရဲ့ ဘဝအကြောင်းပြောနေတာ! သူချစ်ရတဲ့လူက အခြားယောက်ျားတစ်ယောက်ကို သွားတွေ့မှာ! ဒါကမဖြစ်နိုင်စရာ လက်မခံနိုင်စရာပဲ! ရှောင်ကျန့်ကို ဘယ်သူကိုမှသွားတွေ့ခွင့်မပြုနိုင်ဘူး! သူဆိုတဲ့ဝမ်ရိပေါ်ကဒီမှာရှိတယ် သူတစ်ယောက်တည်းနဲ့လုံလောက်တယ်!

"ကိုယ်ဆန္ဒရှိလို့လုပ်ခဲ့တာပါ... မင်းကကိုယ့်အတွက်ထူးခြားတာမလို့ မင်းနဲ့ပက်သက်သမျှ ပင်ပန်းတယ်ဆိုတာမရှိပါဘူး" ရိပေါ်ရဲ့စကားကြောင့် ရှောင်ကျန့်မှာ နားတွေအနီရောင်ပြောင်းကုန်သည်... ရင်လည်းခုန်နေ၏... တကယ်တော့ ရိပေါ်ရဲ့စကားကြောင့် သူအရမ်းပျော်နေသည်... သို့သော် သူသိပ်မသေချာပေ... မစွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို သူချစ်မှာမဟုတ်... သူမိသားစုတစ်ခုလိုချင်သည်...

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now