Sleepless nights🌌🌃

35 1 0
                                    


အလင်းရောင် ကောင်းကောင်းမွန်မွန် မ၀င်နိုင်လို့ မှောင်မိုက်နေတဲ့ တိုက်ခန်းသေးလေးထဲမှာ တံခွန် တစ်ယောက် နှိုးထလာခဲ့ရပြန်သည်။

တစ်နေ့တာကို စတင်ဖို့ အားယူရင်း သုံးလေးရက် ဆက်တိုက် အိပ်ရေး၀၀ မအိပ်ထားရတာကြောင့် ခေါင်းတစ်ခုလုံး သေလောက်‌အောင် မူးနောက်နေ၏။

ကုတင်ဘေးမှာ ရှိတဲ့ အံဆွဲလေး‌ထဲက ဆေးဘူးကို ထုတ်လိုက်ပြီး ရေမပါဘဲ ဆေးအချို့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

သူ ဒီအခန်းထဲမှာ ဒီလိုမျိုးပဲ နေနေခဲ့တာ အချိန်တွေ ဘယ်လောက်ကြာနေပြီလဲတောင် သူမသိနိုင်တော့ပါ။

ရေချိုးခန်းထဲ ၀င်ပြီး ဆေးကြောသန့်စင်ကာ မနက်စာကို ဖြစ်သလို စားလိုက်သည်။

အချိန် အတော်ကြာ မရှင်းဘဲ ထားထားသည့် တိုက်ခန်းက ညစ်ပတ်ရှုတ်ပွနေ၏။

သန့်ရှင်းရေးလုပ်ဖို့ ပြင်ဆင်လိုက်ပြီး အမှိုက်တွေကို ကောက်ကာ အိတ်တစ်လုံးနဲ့ ထည့်လိုက်သည်။

ကုတင်အောက်က အမှိုက်တွေကို ကောက်ရင်းနဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဓာတ်ပုံတစ်ပုံကို ပြန်ရှာတွေ့ခဲ့သည်။

ဓာတ်ပုံထဲက လူနှစ်ယောက်က သူတို့ရဲ့ အပျော်ဆုံးနေ့ရက်ကို ကုန်ဆုံးနေရသလိုမျိုး အလှဆုံး အ‌ပြုံးတွေနဲ့ ပြုံးနေကြသည်။

တစ်ယောက်က ဘွဲ့၀တ်စုံကို ၀တ်ထားပြီး သွားတက်လေးတွေ ပေါ်တဲ့အထိ ပြုံးနေခဲ့သလို ဘေးက တစ်ယောက်ကလည်း ဂုဏ်ယူပြုံးတွေနဲ့ ပြုံးနေခဲ့ကြသည်။

ထိုသူနှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လို ဆက်ဆံရေးမျိုးလဲဆိုတာကို ဒီဓာတ်ပုံကို မြင်တဲ့သူတွေ ထင်ကြမည်က သူငယ်ချင်းဆက်ဆံရေးလား?ဒါမှမဟုတ် ညီအကိုလို ဆက်ဆံရေးမျိုးလား?ဘာလို့များ သူတို့နှစ်ယောက်က ချစ်သူရည်းစားလို ဆက်ဆံရေးမျိုးလည်း ဖြစ်နိုင်သည် ဟု မတွေးထင်ကြတာပါလဲ?

သူတို့နှစ်ယောက်က နှစ်ယောက်လုံးယောကျာ်းသားတွေ ဖြစ်နေလို့လား?ယောကျာ်းလေးနှစ်ယောက်ကရော ချစ်သူရည်းစားဖြစ်ခွင့် မရှိကြတော့ဘူးလား?လူတွေပြောတဲ့ ပုံမှန်ဆိုတာကရော ဘာများလဲ?အချိန်တန် အရွယ်ရောက် အိမ်ထောင်ပြု ကလေးမွေး ဒါက သူတို့ပြောတဲ့ ပုံမှန်ဘ၀လား?

Collection Of Short Stories 💛Where stories live. Discover now