*Wrong Question Right Answer*

12 0 0
                                    

အလုပ်ကိစ္စချိန်းထားတာရှိလို့  ကျွန်တော် မနက် အစောကြီးနိုးလာခဲ့တယ်။ အဲ့တာကြောင့် အေးအေးဆေးဆေးပဲ ရေမိုးချိုး မနက်စာစားပြီး ဘတ်စ်ကား မှတ်တိုင်ကို ထွက်လာခဲ့လိုက်တယ်။

စီးရမဲ့ကားမလာသေးတာမလို့ မှတ်တိုင်မှာ ထိုင်စောင့်နေရင်း ဖုန်းပဲ ပွတ်နေလိုက်တယ်။ကျွန်တော်ထွက်လာတာ အတော်စောသွားတယ် ထင်ပါရဲ့။ ဘတ်စ်ကားမှတ်တိုက်မှာ ကျွန်တော်အပါအ၀င် လူသုံး‌ယောက်ပဲရှိတယ်။

ခဏကြာတော့ ကျွန်တော့်ဘေးမှာ တက္ကသိုလ် ကျောင်းသားလို့ ထင်ရတဲ့ ကောင်လေးနှစ်ယောက်က လွယ်အိတ်လေး ကိုယ်စီနဲ့ လာထိုင်ကြတယ်။

ကောင်လေးနှစ်ယောက်က တိုးတိုး တိုးတိုးနဲ့ စကားတွေ ကပ်ပြောလိုက် ရယ်လိုက်နဲ့ လုပ်နေရင်းက ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်က  နောက်တစ်ယောက်ရဲ့ပါးကို ဖြတ်ခနဲ လှမ်းနမ်းလိုက်တယ်။  

နမ်းခံလိုက်ရတဲ့ ကောင်လေးက ဘေးလူတွေများ မြင်သွားမလားဆိုပြီး ဘေးကို အလန့်တကြား ကြည့်လာခဲ့တယ်။ကျွန်တော်ကလွဲလို့ ကျန်လူနှစ်ယောက်က ကျွန်တော်နဲ့ ကွယ်နေလို့ မမြင်လိုက်ဘူး ထင်ပါရဲ့။

ကျွန်တော်လည်း ကိုယ့်ကိစ္စလည်း မဟုတ်တာကြောင့် ဖာသိဖာသာပဲ ဖုန်းပဲ ဆက်ကြည့်နေလိုက်တယ်။ ဒီခေတ် ကလေးတွေပဲ ရည်းစားသနာ ရှိတာ မထူးဆန်းပါဘူး။ ကိုယ်သဘောကျ နှစ်သက်ရင် ပြီးတာပါပဲ။

ခဏနေတော့ ကျွန်တော် စီးမဲ့ ဘတ်စ်ကားက ရောက်လာခဲ့တယ်။ ကောင်လေးနှစ်ယောက်ကလည်း စီးမယ့်ကားက အတူပဲ ဖြစ်နေခဲ့တယ်။ ကားကလည်း စစထွက်ချင်းမို့ လူက ကားပေါ်မှာ သိပ်မပါလာဘူး။ ကျွန်တော် ‌လည်း နောက်ဆုံးတန်းမှာသာ သွားထိုင်နေလိုက်တယ်။ ကျွန်တော်နဲ့ အတူတက်လာတဲ့ ကောင်လေးနှစ်ယောက်ကတော့ ကျွန်တော်နဲ့ မျက်စောင်းထိုး နောက်ဆုံးတန်း နှစ်ယောက်တွဲခုံမှာ ထိုင်နေကြတယ်။

ခုနက နမ်းလိုက်တဲ့ကောင်လေးက သူ့ကောင်လေးကို ချော့နေပုံပင်။ ပါးလေးကို ဆွဲညစ်လိုက် စကားတိုးတိုး ကပ်ပြောလိုက်နှင့် ရတဲ့နည်းမျိုးစုံနဲ့ ချော့နေတာကို မြင်နေရတယ်။

Collection Of Short Stories 💛Where stories live. Discover now