ဘယ်သူ နာမည်ပေးလိုက်မှန်း မသိသည့်
ဒုတိယကမ္ဘာငယ်ဆိုသည့် စကားပြောဂရုထဲမှာ
ကျနော်ဟာလည်း member တစ်ယောက် ဖြစ်ခဲ့သည်။ထိုဂရုထဲတွင် ...
အခြားသော စာရေးသူအချို့လည်း ရှိပြီး
ကဗျာဆရာအချို့လည်း ရှိခဲ့သည်။သေချာတာကတော့ အားလုံးသည် အဆင်လေး
များ ငမ်းသည့်အပြင် အဆင်ကြီးများကိုလည်း အလွတ်မပေးပါ..။ထိုသို့စည်းလုံးညီညွတ်မှုကြီးဖြင့် ကြိုးစား
ပမ်းစား နေထိုင်လာခဲ့ကြတာ အခုတော့
ထင်သည့်အတိုင်း ကြီးကြီးကျယ်ကျယ် အောင်မြင်ခြင်းသို့ ဘယ်သူမှ မရောက်ရှိခဲ့ကြပါ။မည်သို့ပင်ဆိုစေကာမူ ကျနော်တို့အုပ်စုကတော့
ငမ်းသင့်တာ ငမ်း ဆိုသည့် စကားပုံအတိုင်း
ဆက်လက်ကျင့်သုံးနေဦးမည်သာ..။ထိုသို့ အစဉ်တစိုက် ကြိုးစားလာခဲ့ကြသည့်
ဂရုထဲမှ ဘော်ဒါများကို ရည်စူး၍ အခုလိုပဲ
ကျနော် လုပ်ကြံလိုက်ပြန်ပါသည်..။အတည်ပေါက်တစ်ခွန်း ပြောပါမည်။
ထိုက်သင့်သည့် အပေါင်းအဖော်ကောင်းသည်
ကျနော်တို့ကို ဘယ်တော့မှ စွန့်ခွာမည် မဟုတ်ပါ။ ( အဆင်လေးတွေ အဝေ တည့်နေသရွေ့)ဘယ်သူဝင်ဖတ်ဖတ် ကျေနပ်ဖို့မျှော်လင့်ပါသည်။
ပုံ
ဝူခုန်း(26.4.2022)
Tuesday

KAMU SEDANG MEMBACA
စွန်းဝူခုန်းနှင့် ရုပ်ချောဂိတ်ဆုံးများ (Complete)
Pertualanganစကားပြောဂရုထဲမှာ ခင်မင်ကြတဲ့ ကျနော်ရဲ့ ဘော်ဒါ တစ်သိုက်ကို ဦးတည်၍ စေတနာ ဗလာပွဖြင့် လုပ်ကြံလိုက်သည်။