Take My Dimple-2

393 47 4
                                    

"ဂျောင်ဝန်း ဘယ်တွေလျှောက်သွားချင်သေးလဲ"

အမေရီးကားရောက်တာ တစ်ပတ်လောက်တော့ရှိပြီဖြစ်ပေမဲ့ အဖေနဲ့အတူနေရတုန်း ဘယ်မှမသွားချင်တာကြောင့် ကျနော် အပြင်လျှောက်မလည်ဖြစ်

"ကျနော်ဘယ်မှမသွားချင်တောာ့ပါဘူး အိမ်မှာပဲ အဖေတို့နဲ့အတူ အရသာရှိတာတွေစားချင်တာ"

" Night Sightseeing Bus Tour ကို booking လုပ်ပြီးပြီ သားငြင်းမယ်မှန်းသိလို့ အမေတို့ကြိုစီစဉ်ထားတာ"

အမှန်တော့ ကျနော်အဲ့ဒါကို SNS မှာကြော်ငြာတာ ခနခနတွေ့မိတယ် ဒါပေမဲ့စျေးကြီးလို့ အမေတို့ကို အပူမကပ်ချင်လို့သာ ဘယ်မှမသွားချင်ဟု ငြင်းနေရခြင်းဖြစ်သည် အနည်းဆုံးစျေးကတောင် $58 ရှိသည်လေ ကျနော်တို့မိသားစုကအရမ်းအဆင်ပြေကြီးထဲမပါလို့ ငယ်ငယ်လေးကတည်းက အဖေကတစ်နယ်ရပ်ခြားမှာ သွားအလုပ်လုပ်နေရသည် မဟုတ်ပေလော ကျနော်ဘာမှပြန်မဖြေဘဲ မျက်နှာငြှိုးငယ်သွားသည်ကို အဖေကမြင်တော့

"အဖေ့သူဌေးက လက်ဆောင်ပေးထားတာ ဂျောင်ဝန်းလေးနဲ့အမေ လာမယ်ဆိုတာသိတော့ အဖေ့ကိုနားရက်ရော ဒီလက်မှတ်ရော အကုန်စီစဉ်ပေးထားတာ"

အဖေ့သူဌေးသည် အလွန်သဘောကောင်းပြီး စိတ်ထားဖြူစင်သည် ငယ်ငယ်လေးကတည်းက ကျနော်တို့မိသားစုကို စောင့်ရှောက်ပေးပြီး ကျေးဇူးရှိခဲ့သူဖြစ်သည် သူအမေရီးကားမှာရုံးခွဲဖွင့်တော့လည်း ကျနော့်အဖေ့ကို တစ်ဦးတည်းသော ယုံကြည်စိတ်ချသူအဖြစ် တစ်ပါတည်း ခေါ်သွားလေသည် သူ့ကျေးဇူးကြောင့် ကျနော့်အဖေအလိမ်ခံခဲ့ရ၍ တင်ထားတဲ့အကြွေးတွေ အကုန်ကြေသွားတယ်လို့ ဆိုရမယ် ကျနော်အဖေ့ကိုအတက်နိုင်ဆုံး ပြုံးပြလိုက်တော့ အဖေနဲ့အမေလည်း စိတ်ချမ်းသာသွားပုံရသည်

ညနေဘက် ၆ နာရီလောက် အိမ်ကထွက်ခဲ့ကြပေမဲ့ မြို့ထဲကို ၆ ခွဲလောက်မှရောက်သွားတယ် Bus Tour က 7 နာရီမှစမှာမို့လို့ နာရီဝက်လောက်အချိန်ကို ဘယ်မှာဖြုန်းရမလဲစဉ်းစားနေမိသည်

" ကျနော် ဟိုဘက်ခန လျှောက်ကြည့်လိုက်အုန်းမယ်နော်"

ညဘက် မီးရောင်စုံအောက်မှာ Seattle ရဲ့အလှက ပိုပြည့်စုံနေသယောင်... ကျနော်လမ်းတလျှောက်တွေ့လာတဲ့လူတိုင်း ထီးတွေအသီးသီး ယူလာကြသည် Seattle မှာ မိုးခနခနရွာသောကြောင့် ကျနော်တို့လည်းယူလာပေမဲ့ အဖေ့ဆီမှာ သုံးချောင်းလုံးကျန်ခဲ့လေသည် "ကျစ်" ကျနော်စုတ်တချက်ထိုးရင်း အမေတို့ဆီပြန်လှည့်ကာရှိသေး မိုးပေါက်များ ကျဆင်းလာလေသည် ပန်းခြံတွင်းရှိလူတိုင်းလည်း ရုတ်တရက်မို့ ပါလာတဲ့ထီးတွေကိုသာ အလျှိုလျှိုဖွင့်ဆောင်းနေကြသည် မိုးပေါက်ကလည်း ပိုစိပ်ပြီးပိုကြီးလာလေသည် ကျနော်လက်ဖြင့် ခေါင်းကိုအုပ်၍ မျက်နှာကိုအောက်ချကာ အမြန်ပြေးနေမိတော့သည် မိုးမိလို့ ဖျားရင် အမေတို့ပဲစိတ်ပူနေရအုန်းမည်

Take My Dimple Dove le storie prendono vita. Scoprilo ora