Take My Dimple-14

374 44 6
                                    

NewYork တဲ့... ရုပ်ရှင်တွေထဲ စာအုပ်တွေထဲမှာဘဲ ဖတ်ဖူးကြားဖူးတဲ့ မြို့လေးကို မျက်မြင်ကိုယ်တွေ့တွေ့နေရရုံသာမက ထိုမြို့ရဲ့လန်းဆန်းနှစ်သက်ဖွယ်မီးရောင်ထိန်ထိန်များကြားတွင် ယခုနေထိုင်နေရသည်မှာ ယုံချင်စဖွယ်မရှိ ဒုဥက္ကဌ အီဟီဆွန်းက ကျနော့်ကို လစာအပြင် တိုက်ခန်းတခန်းကားတစ်စီး ပေးထားသေးသည်လေ တိုက်ခန်းသည်ရုံးနှင့် ဆယ်မိနစ်ခန့်သာမောင်းရ၍ အလွန်အဆင်ပြေသည်ဟုပင် ဆိုရမည် အလုပ်ရှင်ရကံကောင်းသည်ဟုပဲ ဆိုရမလား ဒုဥက္ကဌက သဘောလည်းအလွန်ကောင်းသူဖြစ်သည် သို့သော် အချိန်ကိုတော့အလွန်လေးစား၍ နောက်ကျလျှင်မကြိုက်တတ်သူဖြစ်ကြောင်း ကျနော်အနည်းငယ်ရိပ်မိသည် မနက်ရုံးတက်ချိန်နောက်မကျစေရန် အစောအိပ်ရာဝင်လိုက်တော့သည် မနက်ဖြန်အတွက် အားအင်အသစ်တွေ မွေးမြူရမယ်လေ ပထမဆုံး ရုံးတက်ရက်မှာတော့ ဒုဥက္ကဌငြိုငြင်အောင်မလုပ်ချင်.....

ညကအစောအိပ်သော်လည်း မနက်ကျ မဖွင့်နိုင်သော ကျနော့်မျက်စိကို ကျနော်အံ့ဩမိသည်
နာရီကိုကြည့်လိုက်တော့ ရှစ်နာရီ ၃၀ သေစမ်း... alarm ပေးထားတာလည်း ကြက်ပျောက်ငှက်ပျောက်... alarm သံကိုပဲမကြားတာလား ယောင်ပီး alarm ထပိတ်လိုက်တာလား မသဲကွဲတော့.. ရေချိုးခန်းသို့အမြန်ပြေးဝင်ကာ ကိုယ်လက်သန့်စင်၍ ရုံးသွားရန်အသင့်ပြင်လိုက်သည် ရေခဲသေတ္တာထဲတွင်ရှိသော ပေါင်မုန့်အသင့်ကိုယူလိုက်ပီး ကိုက်ကာ တိုက်ခန်းသော့ပိတ်၍ အောက်ဆင်းလာခဲ့သည် Aishhh သေစမ်း ကားသော့ကျန်ခဲ့ပြန်ပီ ပထမနေ့ကတည်းကစလွဲနေသော ကျနော်ရယ်ပါ.. အပေါ်သို့အမြန်ပြေးတက်၍ ကားသော့ရှာကာ ရုံးသို့အမြန်မောင်းလာခဲ့ရသည်

"တီတီ ဒိန်း"

ဟာ..သွားပြန်ပီ ကျနော့်အရှေ့မှာကိုရိုးကားရားမောင်းနေလို့ ကျော်တက်ဖို့ ပြင်လိုက်ရင်း သေချာမကြည့်ဘဲ ရှေ့ကကားကို တိုက်လိုက်မိသည် ကျနော်ကားတံခါးဖွင့်ကာ အကျိုးအကြောင်းမေးရန် ရှေ့ကကားဆီသွားလိုက်တော့ ထိုကားပေါ်ကလူကလည်း ဆင်းလာလေသည် ထို့နောက် ကျနော့်ကိုတစ်ချက်မှမကြည့်ဘဲ တိုက်မိသွားတဲ့နေရာကို သွားကြည့်ကာ

Take My Dimple Where stories live. Discover now