Take My Dimple-9

288 37 0
                                    

CET အမှတ်တွေ ထွက်လာပြီ.. အကို့ကျေးဇူးနဲ့ ကျနော်ကျောင်းတွင်းလူရည်ချွန်ဖြစ်သွားပြီလို့ပဲ ပြောရမှာပေါ့ အကိုတို့အတန်းကတော့
အကိုနဲ့ ဟိုအမကြီးဂျန်ဟာနာပဲ ကိုယ်စားပြုဖြစ်သွားကြတယ် အင်းးး အဲ့အမကြီးနဲ့အကိုတို့ကို အတူတူထပ်တွေ့ကြရအုန်းမာပဲပေါ့ အခုလည်းအကို့အိမ်မှာ ညနေစာလိုက်လုပ်မလို့လေ ကျောင်းရှေ့မှာစောင့်နေတာ ဟော.. ထွက်လာပါပီ ဘေးမှာဟိုအမကြီးနဲ့ အတူတူ

"ညီ စောင့်နေရတာကြာပြီလား"

ကျနော်လား?? မကြာပါဘူး အကိုနဲ့တွေ့ရဖို့ဆို ဘလောက်စောင့်စောင့် ကျနော့်အတွက် ကြာတယ်လို့ကို မခံစားရပါဘူး ကျနော်ခေါင်းသာအသာခါပြလိုက်သည်

"ဂျောင်းဝန်း ထပ်တွေ့ပြန်ပြီနော် ဒီနေ့ အမလည်း ဂျုံဆောင်းတို့အိမ်မှာ စာလိုက်လုပ်မှာ"

ကျနော်ဘာပြန်ပြောရမလဲမသိ.. မလိုက်ခဲ့နဲ့လို့ပဲပြောလိုက်ရမလား ကျနော့်မှာ အဲ့လိုပြောပိုင်ခွင့်ဆိုတာရော ရှိလို့လား ကျနော်ကအကို့ရဲ့ ညီတစ်ယောက်အပြင်မပိုဘူးလေ

အိမ်ရောက်တော့ အမဟာနာက စာတွေနားမလည်လို့ဆိုပြီး သူပဲအကို့ကို အပိုင်သိမ်းထားတာလားမသိ အကို့ကိုရော သူ့ကိုရော တွေ့ကိုမတွေ့ရဘူး မုန်းစရာကောင်းလိုက်တာ အရင်လို အကိုနဲ့အတူတွက်နေကျ သင်္ချာတွေ အတူရေးနေကျ essay တွေကို ခုတော့တစ်ယောက်တည်း ရေးနေရပြီ

" ညီ steak စားအုန်း အကိုကိုယ်တိုင် ချက်ကျွေးတာနော် ညီ့ကို ဂုဏ်ပြုဖို့အတွက်"

ဟင် အာ့ဆို ခုနက အကို့ကိုမတွေ့မိတာက အကိုကျနော့်အတွက်သွားပြင်ဆင်နေလိုပေါ့နော် ကျနော်က ဟိုအမနဲ့ နှစ်ယောက်တစ်ကမ္ဘာတည်နေတယ် ထင်နေတာ ခိခိ အကိုက ကျနော့်ကိုတော့ တကယ်ဂရုစိုက်တာပဲ တစ်လုတ်ပါးစပ်ထဲထည့်ကြည့်လိုက်တော့ Hmmm ကောင်းလိုက်တာဆိုတာ.

"အကို ဒီလောက်ဟင်းချက်တော်မယ်မှန်း မသိခဲ့ဘူး"

ကျနော်ချီးကျူးစကားဆိုတော့ အကိုက

"ညီ့ရဲ့ အကိုက ဘက်စုံတော်တာလေ"

ဆိုပြီး မျက်စိလေးတစ်ဖတ်မှိတ်ပြလေသည်။ ထိုအချိန်လေးအတွင်းမှာတော့ ယန်ဂျောင်ဝန်းရဲ့ကမ္ဘာကြီးမှာ အချိန်စီးဆင်းမှုတွေက ရင်ခုန်သံစီးချက်နဲ့အတူ ခေတ္တမျောပါသွားလေသည်။

Take My Dimple Where stories live. Discover now