Take My Dimple-22

239 31 3
                                    

မင်္ဂလာဆောင်ရန်နှစ်ရက်အလို

"ဂျောင်ဝန်း ညနေကိုယ်နဲ့ ညစာသွားစားရအောင်"

"Nae ဒုဥက္ကဌ"

ဟိုနေ့က လက်ထပ်ဖို့ကိစ္စကို ဒုဥက္ကဌက သေချာအချိန်ယူစဉ်းစားဖို့ ပြောပီးနောက် ကျနော်နဲ့ဒုဥက္ကဌ ပိုရင်းနှီးလာသည် ပြောရရင် ဒုဥက္ကဌက ကျနော့်ကို သေချာနားလည်ပေးပြီး ကျနော်အရင်ကထင်သလို ကြောက်စရာကောင်းတဲ့ အာဏာရှင်မျိုးမဟုတ်.. အလုပ်နဲ့ပတ်သက်လာရင် စေ့စပ်သော်လည်း တခြားကိုယ်ရေးကိုယ်တာကိစ္စဆို အမြဲတမ်း တခြားသူဘက်က တွေးပေးတတ်သည်

"ရုံးဆင်းတာနဲ့ တန်းသွားမလား ဂျောင်ဝန်းကားကို ရုံးကတခြားသူကို တိုက်ခန်းကိုမောင်းသွားခိုင်းလိုက်မယ် ဂျောင်ဝန်းကတော့ ကိုယ့်ကားနဲ့လိုက်ခဲ့လေ ပြီးရင်ကိုယ်ပဲပြန်လိုက်ပို့ပေးမယ်"

ကျနော်ခေါင်းငြိမ့်ပြပီး ဒုဥက္ကဌအခန်းထဲကပြန်ထွက်လာကာ ကိုယ့်နေရာကိုထိုင်ပီး လုပ်စရာရှိတာ လုပ်လိုက်သည်

"ဂျောင်ဝန်း ဘယ်တော့စားရမှာလဲ ဒုဥက္ကဌနဲ့ အသံတွေကြားနေရတယ်"

အလုပ်အတူလုပ်တဲ့ စီနီယာအမကြီးကမေးလာသည်

ကျနော်ဘာမှပြန်မပြောဘဲ ပြံုးသာပြလိုက်သည် ညနေရုံးဆင်းတော့ ဒုဥက္ကဌက ကျနော့်ကို booking လုပ်ထားတဲ့ hotel တစ်ခုက စားသောက်ဆိုင်ကို ခေါ်သွားသည်

"ဂျောင်ဝန်း ဘာစားမလဲ"

"ဒုဥက္ကဌအဆင်ပြေတာပဲမှာပါ"

"အာ့ဆို ကိုယ်အဆင်ပြေတာပဲမှာလိုက်မယ်နော်"

"ဟုတ်"

ဒုဥက္ကဌက waiter ကောင်လေးကို အစားအသောက်တွေမှာပီးနောက်

"ရုံးကသူတွေ ဂျောင်ဝန်းနဲ့ကိုယ့်ရဲ့အကြောင်းကို အရမ်းသိချင်နေကြတယ် ကိုယ် ဘလိုဖြေရမလဲ"

ဒုဥက္ကဌကို ဘလိုပြန်ဖြေရမလဲ စဉ်းစားနေတုန်း

"ဂျေးးး"

ဒုဥက္ကဌက အကို့နာမည်ကိုခေါ်လိုက်၍ ကျနော်နောက်လှည့်ကြည့်လိုတော့ အကိုနဲ့အတူ အမဟာနာကိုပါ တွေ့လိုက်ရတယ်

Take My Dimple Donde viven las historias. Descúbrelo ahora