Part 1

6.7K 295 38
                                    

လွမ်းဆွေးဖွယ်ရာ ကာလမည်သည် ဘယ်တော့များမှ အဆုံးမသတ်နိုင်။
ဆွဲထင်ရစ်နေသည့် အရိပ်တချို့ဟာ မည်သည့်အချိန်မှ ပျောက်နိုင်မည်နည်း။
နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့သည့်တိုင်အောင် သစ်ရွက်ခြောက်တွေရှင်းပေးနေသည့် ထိုလူအား မြေပုံအဟောင်းဘေးတွင် တွေ့နိုင်ပေသည်။

"ကိုဘခက်...ဒီနှစ်တော့ ကျွန်တော်အညာကိုနေရာစုံမရောက်ခဲ့ဘူး။"

မီးခိုရောင်တိုက်ပုံအင်္ကျီနှင့် အနက်ရောင်ယောပုဆိုးကို တွဲဖတ်ဝတ်ဆင်ထားသော ထိုလူငယ်လေး။ ယခုအခါတွင်တော့ လူငယ်အရွယ်မရှိတော့ပေ။ အသက် ၄၀ ကျော်လူကြီးတစ်ယောက်ဖြစ်ချေနေပြီ။
ငွေရောင်မျက်မှန်ကိုတပ်ထားပြီး ပြုံးလိုက်လျှင်သွားစွယ်လေးများက ပေါ်နေဆဲပင်။

'ဟန်သာ'ဟု ခေါ်ဆိုကြသော ထိုကောင်လေးမှာ ယခုအချိန်တွင် 'ဦး'တပ်ခေါ်ရမည့်အချိန်သို့ရောက်နေပြီဖြစ်သည်။ မည်မျှပင် အသက်ကြီးသွားစေကာမူ လှိုင်းထသကဲ့သို့ကောက်ကွေးနေသော ဆံနွယ်များဟာ တည်ရှိနေဆဲ။ ကြယ်တစ်လုံးကဲ့သို့တောက်ပသည့်မျက်ဝန်းများအား မျက်မှန်ကတောင် ဖုံးကွယ်နိုင်ခြင်းမရှိပေ။

"ကိုဘခက်...ကောင်းကောင်းနေရဲ့လား။"

"တခါတလေကျရင်လေ...ကျွန်တော်ခိုကိုးရာရင်ခွင်မရှိတော့သလိုပဲ။"

ဘခက်ဆုံးပါးသွားပြီးသိပ်မကြာလိုက်ပေ။
ဟန်သာ့မိဘများပါ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားကြသည်။ ထို့ကြောင့်မိသားစုကုန်သည်လုပ်ငန်းကို ဦးစီးလုပ်ကိုင်ရင်း ဗမာပြည်အနှံ့ခရီးသွားနေရခြင်းသာ။
ထိုကဲ့သို့ ခရီးသွားခြင်းကလည်း ဟန်သာ့အတွက် စိတ်ဖြေဖျောက်စရာနည်းလမ်းတစ်ခုပင်ဖြစ်လာ၏။

"ဒါပေမဲ့...ကိုဘခက်က ကျွန်တော်ငိုတာမကြိုက်ဘူးမလား။
ကျွန်တော်မငိုမိအောင်နေပါ့မယ်။"

အမှိုက်များရှင်းလင်းနေသည့်မြေပုံငယ်ဟာ အေးချမ်းမှုကို ဖော်ဆောင်သည်။
အေးမြခြင်းဟာ ဝမ်းနည်ခြင်းကို နှိုးဆွပေးသည့်ဓာတ်တမျိုးလား။ တောစပ်နားမို့ သစ်ရွက်တိုက်သံ တရှပ်ရှပ်ဟာ သံစဥ်အလား ကြီးစိုးလှသည်။ မြေခနေသော ရွက်ဝါခြောက်များကသာ ဘခက်၏ အဖော်ပြုရာ။

လွန်းကြိုးငယ်..ရစ်ပတ်ရာဝယ် [Uni and Zawgyi]Onde histórias criam vida. Descubra agora