"ပိုင်စိုးပိုင်နက်တွေမပြောစမ်းနဲ့။"
"ဘယ်နှယ့် ပိုင်စိုးပိုင်နက်ဖြစ်ရမှာလဲ။"
"ကျုပ်...ဘခက်က ဟန်သာပဲပိုင်တာပါ။"
အေးစက်ကာ တုန်ယင်နေသည့် ဟန်သာ့လက်ဖဝါးအား ဆုပ်ကိုင်ကာ တစိမ့်စိမ့်ကြည့်လေသူ။ ကြယ်တာရာအဖွဲ့အစည်းတွေကြား နစ်မြုပ်သွားချင်မိသည့် အခိုက်အတန့်။
မြတ်နိုးရာကို လက်ဝယ်ပိုင်ဆိုင်ရမည့် အထိအတွေ့။ ခံစားချက်ပေါင်းစုံဟာ ဘခက်ရင်ထဲ မြစ်တစ်စင်းလို ရောထွေးစီးဆင်းနေသည်။"လောလောဆယ်ပြန်ပါတော့။"
တုန်ယင်နေသည့်အသံကြောင့် ဟန်သာငိုတော့မည်ဆိုတာကို သတိပြုမိလိုက်သည်။
ထို့ကြောင့် ဆုပ်ကိုင်ထားသော လက်ကိုဖြေလွှတ်ကာ အနည်းငယ်ချောင်ချနေသော ပါးပြင်သို့ အုပ်မိုး၍..."ထပ်မငိုရဘူးနော်။"
စိုးထိတ်နေသည့်မျက်ဝန်းများဟာ ဟန်သာ့ရင်ထဲ လှုပ်ခတ်သွားစေသည်။
ဘခက်...ကိုဘခက်လိုအကျင့်စရိုက်နှင့်ရုပ်ရည်ပါတူနေသော ထိုလူငယ်လေး၏ နာမည်မှာ ဘခက် တဲ့။
အမှန်တကယ်များ ပြန်လာလေသလား။
ဟန်သာဟာ အလုပ်ကိစ္စကလွဲပြီး တခြားနေရာသွားလေ့မရှိတာကြောင့် မျက်စိရှေ့ကလူကို မမြင်ဖူးချေ။"ပြန်တော့။"
"ကောင်းပါပြီ။"
"ဒီနေ့တော့ ပြန်ဦးမယ်။
နောက်နေ့ကျထပ်လာမှာ။
ဟန်သာ့ကိုမပိုင်ဆိုင်ရသ၍ အရိပ်လိုနောက်ကလိုက်နေမှာ။"သူတစ်ယောက်သာလျှင်ပြောတက်သော စကားအဖွဲ့အနွဲ့များဟာ ဟန်သာ့ရင်ကို ဗုံတီးနေသယောင် လှုပ်ခတ်စေသည်။
အံ့သြဝမ်းသာခြင်းနှင့် တပြိုင်နက်ထွက်ပေါ်သည့် မျက်ရည်စများ။ မျက်မှန်အဝိုင်းလေးအောက်မှ ရွှန်းစိုလာသည့် မျက်ဝန်းဟာ သူကြီးသား ဘခက်ဆိုသူကို ထပ်မကြည့်နိုင်တော့ပေ။အနည်းငယ်အလှမ်းဝေးသွားမှ ပြန်ကြည့်မိသည့်အခါ တချိန်ကခိုလှုံခဲ့ဖူးသည့် ကျောပြင်ကျယ်ဟာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ခံစားချက်ဟာ အသစ်နှင့်အဟောင်း ရောပြွန်၍ ရင်တလှပ်လှပ်ဖြင့်။
မျက်မှန်ကိုချွတ်ကာ မျက်ရည်စတွေကိုခပ်မြန်မြန်သုတ်ပြီးသည့်နောက် ဟန်သာ အရာအားလုံးကို ပြန်စဥ်းစားရန် ပြင်ဆင်ရတော့မည်။
ESTÁS LEYENDO
လွန်းကြိုးငယ်..ရစ်ပတ်ရာဝယ် [Uni and Zawgyi]