Part 5

1.4K 163 47
                                    

နံနက်အချိန်အခါတွင် ရောင်နီထွန်းသည့်နေမင်း၏ အရှိန်အဝါကား သက်ရှိအပေါင်းထံသို့ အလင်းဆောင်လာချေပြီ။
သစ်ပင်၊ဝါးပင်များထံမှ ရေစက်များတွဲခိုပုံမှာ ပုလဲလုံးများ စီတန်းနေသယောင်။
တိတ်ဆိတ်ငြိမ်သက်သောရွာများ၏ အထက်တွင် မြူခိုးများက ဝတ်ရုံအလားလွှမ်းခြုံထားပေသည်။ ရာသီဥတုကား အေးစိမ့်၍ အိပ်ယာထဲတွင် ကွေးလို့အကောင်းဆုံးအချိန်ပင်ဖြစ်၏။
ကျေးငှက်များ၏ တကျီကျီတွန်ကျုးသံဟာ တစ်စတစ်စ ကျယ်ပြန့်လာချိန်တွင် မိုးစင်စင်လင်းလေပြီ။

"လူလေး...လူလေး။"

"ဗျာ။"

"လူလေး ကိုယ်တိုင်လက်ဖက်ရည်ဆိုင်သွားမှာလား ဦးကြီးမနက်စာဝယ်ထားပေးရမလား။"

"ကျွန်တော်ကိုယ်တိုင်ပဲသွားစားလိုက်ပါ့မယ်။"

"သြော်...ဒါဖြင့် လယ်ထဲဆင်းပြီကွယ်။"

"ဟုတ်...ဟုတ် ဂရုစိုက်သွားပါ။"

နံနက်မိုးသောက်လင်းချိန်တွင် ဟန်သာဟာ မနက်စာစားရင်း လက်ဖက်ရည်သောက်ဖို့ ရွာ၏ လက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့တော့သည်။ ထုံးစံအတိုင်း ရှားရှားပါးပါးရသည့် သတင်းစာတစ်စောင်ကို အရင်ထိုင်ဖတ်နေခဲ့။ လက်ဖက်ရည်တစ်ခွက်မှာကြားပြီးသည့်တိုင်အောင် ဟန်သာထိုင်နေသည့်ဝိုင်းဟာ တိတ်ဆိတ်ငြိမ်းချမ်းဖွယ်တည်ရှိသည်။
မျက်မှန်အဝိုင်းလေးဟာ နေရောင်အောက်တွင် တောက်ပ၍ မျက်မှန်အောက်က မျက်ဝန်းလေးမှာတော့ တည်ကြည်ခြင်းများ အုပ်စိုးနေလေသည်။

"ဟိတ်!"

"ဘုတ်~"

မိမိ၏ စားပွဲပေါ်သို့ အထုပ်တစ်ခုပစ်ချလိုက်သံကြောင့် လန့်သွားသောဟန်သာ။
စာဖတ်နေရခြင်းကိုရပ်ကာ မော့ကြည့်လိုက်လေတော့ ခပ်ပြုံးပြုံးနှင့် ဘခက်ကိုတွေ့ရပေသည်။ တပတ်လုံးလုံးပျောက်သွားပြီး ဘခက်လက်လျော့သွားသည်ဟု ထင်မိသည့် ဟန်သာပဲ မှားလေသလား။
သူပြော ကိုယ်ပြော စကားဝိုင်းများဖြင့် အသက်ဝင်နေသည့် လက်ဖက်ရည်ဆိုင်လေးအတွင်း လူနှစ်ယောက်ဟာ မျက်ဝန်းများဖြင့်သာ စကားဆိုနေကြ။

"ကျုပ် ဟန်သာကြိုက်တက်တာတွေ ယူလာတယ်နော်။"

"ဘာတွေလဲ။"

လွန်းကြိုးငယ်..ရစ်ပတ်ရာဝယ် [Uni and Zawgyi]Donde viven las historias. Descúbrelo ahora