01

125K 3.9K 691
                                    

ကလင် ကလင်~~~

ကျောင်း၀န်းထဲဆူညံနေအောင် အဆက်မပြတ်တီးကာ၀င်ရောက်လာသည့် စက်ဘီးဘဲလ်သံလေးကြောင့် လမ်းပေါ်မှာရှိတဲ့လူစုလူ၀ေးများက အသီးသီးဘေးကပ်သွားကြ၏။

" ကိုကိုမောင် ကျောင်းနောက်ကျပြန်ပြီ "

ခပ်ကျယ်ကျယ်အော်ပြောလိုက်တဲ့ ကျောင်းသားအချိို့ကြောင့် ကိုကိုမောင်သဘောကျစွာပြုံးရယ်ရင်း စက်ဘီးကိုပဲအားစိုက်ကာ အမြန်နင်းသွားသည်။ကိုကိုမောင်ဆိုတာ ပျော်ပျော်နေတတ်တဲ့ကောင်လေးတယောက်ဖြစ်ပြီး အင်္ကျီလက်ရှည်အကွက်နှင့်ဂျင်းဘောင်းဘီကိုသာ အမြဲတွဲ၀တ်လေ့ရှိသည်။ မျက်နှာသွင်ပြင်အားဖြင့် ပါးဖောင်းဖောင်း နှာခေါင်းလုံးလုံးလေးနှင့် ခပ်ထူထူနှုတ်ခမ်းများရှိတာကြောင့် သူငယ်ချင်းအချို့က ပေါက်စီဟူ၍စနောက်လေ့ရှိ၏။ပကာသနကင်းကာ လူငယ်ပီပီကူညီလိုစိတ်အပြည့်ရှိပြီး အပေါင်းအသင်းများသူတယောက်လည်းဖြစ်သည်။

ခပ်ကျယ်ကျယ်အော်ပြောလိုက်တဲ့ ကျောင်းသားအချိို့ကြောင့် ကိုကိုမောင်သဘောကျစွာပြုံးရယ်ရင်း စက်ဘီးကိုပဲအားစိုက်ကာ အမြန်နင်းသွားသည်။ကိုကိုမောင်ဆိုတာ ပျော်ပျော်နေတတ်တဲ့ကောင်လေးတယောက်ဖြစ်ပြီး အင်္ကျီလက်ရှည်အကွက်နှင့်ဂျင်းဘောင်းဘီကိုသာ အမြဲတွဲ၀တ်လေ့ရှိသည်။ ...

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

ကျောင်းနောက်ကျနေပြီဖြစ်သောကြောင့် စက်ဘီးခြင်းထဲကထမင်းချိုင့်လေးကို အမြန်ဆွဲယူကာ စာသင်ခန်းပေါက်ကို တချက်အကဲခတ်လိုက်သည်။ အခြေအနေကောင်းကာမှ အမြန်ပြေး၀င်ကာ တယောက်သောသူရဲ့အနောက်မှာ၀င်ထိုင်လိုက်၏။

" မင်္ဂလာနံနက်ခင်းပါခွန်ရှောင်း ခင်ဗျ "

ပုံမှန်နှုတ်ဆက်နေကျအတိုင်း သူ့အရှေ့မှာထိုင်နေတဲ့ ခွန်ရှောင်းကိုနှုတ်ဆက်ကာပြုံးပြလိုက်၏။ နာမည်အပြည့်အစုံမှာ ခွန်ရှောင်းဇင်ဖြစ်ပြီး ကိုကိုမောင်ရဲ့ Crushလည်းဖြစ်သည်။ ရှစ်တန်းနှစ်တည်းက ကျောင်းအတူတတ်ခဲ့ကာ တက္ကသိုလ်ရောက်တဲ့အထိ အတူပေါင်းသင်းနေကြသည့်သူငယ်ချင်းဟုလည်းသတ်မှတ်နိုင်သည်။သူတို့အဖွဲ့ထဲမှာ ကိုကိုမောင်ရယ် ခွန်ရှောင်းဇင်ရယ် လင်းရောင်ရှိန်းတို့က ရှစ်တန်းနှစ်တည်းက စားအတူသွားအတူသူငယ်ချင်းတွေဖြစ်ကြ၏။ ကိုကိုမောင်ကတော့ ခွန်ရှောင်းကို အမြဲရိုသေစွာပြောဆိုတတ်ပြီး ထိုအကျင့်က အရွယ်ရောက်တဲ့အထိ ပြင်မရအောင်ပါလာတာဖြစ်သည်။

Stivan And The Psychopath ( Completed) Onde histórias criam vida. Descubra agora