UNICODE_
'၂၀၀၂ဟုဆိုသော ခုနှစ်တွင် ကောင်လေးငယ် ၂ယောက်သည် တပြိုင်ထဲ မွေးဖွားလာ၏....သို့သော်လည်း ကောင်လေးငယ် ၂ယောက်တို့၏ မိခင်များမှာ ရန်သူများဖြစ်ကြသည်။ အမြဲအနိုင်လိုစိတ်ရှိကာ မာနတွေကြား ရန်ဖြစ်ကြတယ်..'
(မွေးနေ့ကအတူတူပဲ ထားလိုက်ပါတယ်ဗျ)
"ဒါလင်ရေ ကြည့်ပါဦး သားလေးမွေးတယ်တဲ့"
ကင်မ် ဆောင်းဟွန်း သည် ကြားကြားမိခြင်း ဘာနဲ့မှ နှိုင်းလို့မရသော ပျော်ရွှင်မှုများကို ခံစားလိုက်ရပါသည်။
ခွဲစိတ်ခန်း နံပါတ်၀၂ကို ထမင်းချိုင့်လေးနဲ့ ဓါတ်ဆားဖျော်ရည်ဘူး မအေးတအေးလေးကို ယူပြီး ၀င်သွားပါသည်။"မိန်းမအတွက် အားပြည့်တဲ့ အစားစာလေးတွေ ယူလာတယ် ဗိုက်ဆာနေပြီမလား မိန်းမ?"
"ဗိုက်ဆာတာပေါ့ ရှင်ရယ်"
"ဟား" ကိုယ်တို့ရဲ့သားလေးက အသားဖြူဖွေးနေတာပဲ ကိုယ့်မိန်းမလေး ပတ် ဟေယောင်းလေးနဲ့တူပါ့"
"ရှင်နော်! အသက်ကပဲကြီးနေပြီ"
"အသက်ကြီးလဲ ကိုယ်က မင်းရဲ့အချစ်တော်ပဲလေ နော့်"
"ဘယ်လိုတွေပြောနေတာလဲ! ရှက်စရာကြီး!! တော်ပြီ" သားလေးကိုပဲ နာမည်အရင်ပေးရအောင် ပတ်ဟေဟွန်း? ကင်မ် ဟေဆောင်း?"
"မိန်းကလေး နာမည်နဲ့တူတယ် ပတ်ဆောင်းဟွန်းလို့ နာမည်ပေးယအောင်"
"ကောင်းပြီလေ"
တစ်ဖက်မှာလဲ
"သားကောင်းရတနာလေး မွေးဖွားလာပြီ အချစ်ရဲ့"
"ရှင်ကလည်းနော်!! နာမည်ပဲအရင်ပေးစမ်းပါ"
"ဟုတ်ပါပြီး ရှင်းမ် ဂျယ်ဒုံလေးရယ် ကိုယ့် နာမည်က ဂျောင် ဂွမ်ယွန်းထဲက ယွန်းနဲ့ အချစ်နာမည်ထဲက ရှင်းမ် ဂျယ်ကိုယူပြီး ပေါင်းလိုက်ရင်ရော?"
"ရှင်းမ်ဂျယ်ယွန်းလေ"
"အဲ့နာမည်ပေးမလား မိန်းမ"
"ရှင့်သဘောပါတော်😒"
15နှစ်ကြာသော်~
"ဟေ့ ဆောင်းဟွန်းဆိုတဲ့ကောင်က အဆင့်၂ကိုရောက်သွားတယ်တဲ့ဟားဟား"