ရှောင်းကျန့်ဟာ ထိုင်ရာကထလို့ တန်းစီနေတဲ့လူအုပ်အစွန်ဘက် လျှောက်သွားတယ်။ ယီလင်းက သူ့ကို ဘယ်သွားမလို့လဲလို့ လှမ်းအော်မေးတဲ့အခါ သူ ပြန်ဖြေလိုက်တယ်။
"ငါ သွားကြည့်မလို့"
ထင်တဲ့အတိုင်းပဲ။ ထင်းရှူးပင်ကြီးတွေရဲ့နောက်ကွယ်မှာ ဝမ်ရိပေါ်နဲ့ ရှောင်ချွဲရဲ့အရိပ်ကို သူ ဖမ်းမိလိုက်တယ်။
ကိုရင်ဆိုတာ သူများစကားပြောတာ နားမထောင်ရဘူး။ ရှောင်းကျန့်ဟာ သွားရမလား၊ ပြန်ရမလား ဝေခွဲမရဖြစ်နေချိန်မှာ ဝမ်ရိပေါ်ရဲ့စကားသံကို ကြားလိုက်ရတယ်။
"ရှောင်ချွဲ ငါ့အခန်းထဲမှာ ဘယ်သူ့ကိုမှမလိုဘူး။ မင်း အိမ်မြန်မြန်ပြန်။ ငါလည်း ပြန်တော့မယ်"
"ရှောင်တိုက်ဝမ် အဲ့ဒီ့နေ့က ရှောင်ချွဲရဲ့ခန္ဓာကိုယ် ဘာမှမဖြစ်ခဲ့ပါဘူး။ ရှောင်ချွဲက အပျိုအတိုင်း ရှိနေတုန်းပါ....."
"မင်း မပြောနဲ့တော့!"
ခဏလောက် တိတ်ဆိတ်သွားပြီးတဲ့နောက် ကောင်မလေးရဲ့ငိုသံ ကြားလိုက်ရတယ်။
"ရှောင်တိုက်ဝမ် ကျမက ရှင့်ကို တကယ်လေးစားပြီး အားကိုးတာပါ။ တနေ့နေ့ကျရင် ရှင် မိန်းမယူရမှာပဲ။ ကိုယ်လုပ်တော်တွေလည်း ရှိလာဦးမှာ။ ရှောင်ချွဲက ကိစ္စမရှိပါဘူး။ ကျမကို အခန်းဖော်သဘောမျိုး ထားရင်တောင် ကျေနပ်ပါတယ်"
ရှောင်းကျန့်ဟာ သစ်ကိုင်းကို ပင့်မလို့ ရှေ့ကိုအတိုး ရုတ်တရက် သစ်ကိုင်းခြောက်ကို တက်နင်းမိတာမို့ ဖျောက်ခနဲအသံထွက်သွားတယ်။ ဝမ်ရိပေါ်ရဲ့အော်မေးသံကို ကြားလိုက်ရတယ်။
"ဘယ်သူလဲ!"
ရှောင်းကျန့်က အနောက်ကိုလှည့်လို့ ထွက်ခွာသွားတယ်။ ဝမ်ရိပေါ်က သူ့အနောက်က ပြေးလိုက်လာပြီး သူ့လက်နှစ်ဖက်ကို ရှောင်းကျန့်ရဲ့လက်မောင်းပေါ် တင်လိုက်တယ်။ သူ့လေသံက နည်းနည်းစိုးရိမ်မှုတွေပါနေတယ်။ သူက ပြောတယ်။
"ရှောင်းကျန့် မင်း ဒီကို ဘယ်လိုရောက်လာတာလဲ?"
"ဘာလဲ ငါ လာလို့မရဘူးလား?"
YOU ARE READING
Spring Spiral ||Completed||
Fanfictionလက်ဖက်ရည်ကြမ်းတွေ အေးနေပြီမို့ မင်း လာသောက်ပေးနိုင်မလား? Translated with permission from the original author.