Anmen - 08 (Ending)

3.3K 375 65
                                    

နွေဦးရာသီအလယ်မှာ ရှောင်းကျန့်ဟာ သူ့ရဲ့အချစ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အချိန်ကစပြီး သူဟာ အနောက်ဘက်ခြံဝန်းထဲက တရားကျင့်ဆောင်မှာ သူ့ကိုယ်သူ အကျဉ်းချထားခဲ့တယ်။

ယီလင်းတယောက်တည်းကသာ အစားအသောက်ထည့်ထားတဲ့ခြင်းတခုနဲ့ ရှောင်းကျန့်ဆီကို မနက်တိုင်းလာတာဖြစ်တယ်။ သူမ ပြောပြတဲ့ကိစ္စတွေကတော့ ကျိချောင်းသီလရှင်ကျောင်းရဲ့ကိစ္စဝိစ္စတွေထက် မပိုဘူးပေါ့။ အခုလက်ရှိ ကျောင်းအခြေအနေ၊ ပြီးတော့ စစ်ပွဲအကြောင်းတွေ။ ယီလင်းဟာ ထွက်ခွာသွားခါနီးတိုင်း ရှောင်တိုက်ဝမ်တယောက် သီလရှင်ကျောင်းရဲ့တံခါးပေါက်ဝမှာ နေ့တိုင်းစောင့်ကြပ်နေတဲ့အကြောင်းကို ထည့်ပြောသွားတတ်တယ်။

လမ်းခွဲခဲ့တဲ့ အဲ့နေ့နောက်ပိုင်းကစပြီး ဝမ်ရိပေါ်ဟာ သီလရှင်ကျောင်းထဲကို ခြေမချတော့ဘူး။ သူတို့နှစ်ယောက်လုံး ထပ်မတွေ့ဖြစ်ခဲ့ဘူး။

ဒါပေမဲ့ ရှောင်တိုက်ဝမ်ရဲ့သတင်းဟာ ရှောင်းကျန့်ဆီကို နေ့တိုင်းရောက်လာတယ်။ အရက်တွေ အများကြီးသောက်တဲ့အကြောင်းတွေ၊ အရက်မူးပြီး ကျောက်တုံးလှေကားပေါ် ချော်လဲတဲ့အကြောင်းတွေ၊ မိုးရွာတဲ့နေ့တွေမှာဆို ထီးမဆောင်းပဲ ထင်းရှူးပင်ကြီးအောက် လှံတချောင်းနဲ့ မတ်တပ်ရပ်နေခဲ့တာတွေ။

၅ လပိုင်းရဲ့ နေ့လယ်ခင်းတခုမှာ မိုးမခပန်းတွေဟာ တဝဲဝဲကြွေလွင့်နေခဲ့တယ်။ နဂါးလှေပွဲတော်ကာလကို ရောက်လာခဲ့ပြီဖြစ်တယ်။

အဲ့ဒီ့နေ့ ဖူဝမ်တောင်ပေါ်မှာ ညစာစားချိန်နောက်ပိုင်း မိုး သည်းသည်းမည်းမည်းရွာတယ်။ ရွာတဲ့အချိန်က နာရီအနည်းငယ်ကြာတယ်။ ရှောင်းကျန့်ရဲ့ တရားကျင့်ဆောင်အခန်း မျက်နှာကြက်တွေဟာ မိုးကြောင့် အက်ရာတွေဖြစ်သွားပြီး မိုးရေယိုသံ တစက်စက်ဟာ တရားကျင့်ဆောင်ထဲက သစ်သားတူထုသံ တတောက်တောက်ကို ဖုံးလွှမ်းသွားခဲ့တယ်။

အခန်းထဲမှာ အရမ်းပူနေတယ်။ ပေါင်းဖိုတခုလိုပဲ။

ရှောင်းကျန့်ဟာ ပြတင်းတံခါးကို တွန်းဖွင့်လိုက်တယ်။ ခြံဝန်းထဲမှာ ဟိုင်ထန်းပန်းတွေ (Begonia) ကြွေနေတယ်။ မြေပေါ်က ရေအိုင်ငယ်ထဲမှာ ငြိမ်ငြိမ်လေး မြေခနေတယ်။ ရေအိုင်ငယ်ထဲ ကြွေကျနေတဲ့ အသက်မရှိ၊ နှလုံးသားမရှိ ပန်းတွေပါပဲ။

Spring Spiral ||Completed||Where stories live. Discover now