ရှောင်းကျန့်တယောက် ပိလောင်ချွင်းလက်ဖက်ခြောက်ကို နှပ်လို့မပြီးသေးခင်မှာပဲ ခြံဝန်းရှိရာ အသော့နှင်လာတဲ့ မြင်းခွာသံကို ကြားလိုက်ရတယ်။
သူ မော့ကြည့်လိုက်တဲ့အခါ တစုံတယောက် ဝင်လာတာကို တွေ့လိုက်ရတယ်။
အဲ့ဒီ့လူဟာ အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ထားပြီး အနက်ရောင်မြင်းစီးဖိနပ်ကို စီးထားတယ်။ မြင့်မားတဲ့နဖူးပြင်ကို ဖော်ထားပြီး လက်ထဲမှာ လှံရှည်ကို ကိုင်ထားတယ်။ သူ လမ်းလျှောက်လာတိုင်းမှာ ဝတ်ရုံရှည်ဟာ လေအဝေ့မှာ တလူလူလွင့်နေပြီး တည်တံ့တဲ့ သူ့မျက်နှာအမူအရာဟာ တဖက်လူကို ထိန်းချုပ်မရဖြစ်စေတယ်။
ဒီလိုအနေအထားနဲ့လူဟာ သူ့ကို နေ့တိုင်း သတိရနေစေတဲ့ ရှောင်တိုက်ဝမ်မှ မဟုတ်ရင် တခြား ဘယ်သူဖြစ်နိုင်ဦးမှာတဲ့လဲ?
ရှောင်းကျန့်ဟာ ခြံဝန်းထဲမှာ မတ်တပ်ရပ်လို့ မှင်တက်ငေးမောနေမိတယ်။ အချိန်ကိုမေ့ရင်း၊ အသက်ရှူဖို့မေ့ရင်း ဝမ်ရိပေါ်ကို ကျောက်ရုပ်လေးတရုပ်လို ငေးကြည့်နေမိတယ်။
၃ နှစ်ခွဲကြာပြီးတဲ့နောက်။ နောက်ဆုံးမှာတော့ မင်း ငါ့ဆီကို ပြန်လာခဲ့ပြီပေါ့။ မြင်းကြီးကို စီးလာပြီး ငါ့ရှေ့မှာ အေးအေးချမ်းချမ်း ရပ်နေခဲ့ပြီပေါ့။
အနာဂတ်အကြောင်းကို တွေးမိတဲ့ခဏမှာတင် နှစ်ယောက်လုံးရဲ့မျက်ဝန်းတွေထဲ အနီရောင်သွေးကြောမျှင်လေးတွေ ယှက်သန်းလာတယ်။
သူတို့နှစ်ယောက်မှာ ပြောစရာစကားတွေ အများကြီးရှိနေမယ်ဆိုတာ ချိုင်လျို့က သိတာမို့ ဘာမှမနှောင့်ယှက်တော့ပဲ မြင်းဇက်ကြိုးကိုဆွဲလို့ ထွက်ခွာသွားတော့တယ်။
ဝမ်ရိပေါ်ဟာ ခြံဝန်းထဲကို ဝင်သွားတယ်။ သူ့ခြေလှမ်းတွေဟာ နှေးရာကနေ မြန်လာပြီး သူ့ဖိနပ်ပေါ်မှာ ရွှံ့တွေ ပေကျံနေတယ်။
လမ်းတလျှောက်လုံးမှာ သူဟာ မြင်းကို အသော့နှင်လာခဲ့ပြီး ထောင်ပေါင်းများစွာသော တောင်တန်းတွေ၊ မြစ်ချောင်းတွေကို ဖြတ်သန်းလာခဲ့တယ်။ သူ့ရှေ့က ဒီလူတယောက်တည်းအတွက်။
![](https://img.wattpad.com/cover/308725761-288-k793015.jpg)
YOU ARE READING
Spring Spiral ||Completed||
Fanficလက်ဖက်ရည်ကြမ်းတွေ အေးနေပြီမို့ မင်း လာသောက်ပေးနိုင်မလား? Translated with permission from the original author.