part1

7.1K 350 22
                                    

Unicoad

"ကျနော်တို့ကွာရှင်းရအောင် အကို"

လက်ထဲမှာကိုင်ထားသော Black coffeeထည့်ထားတဲ့ ခွပ်ကို အကုန်မော့ချလိုက်သည့် အခါးကြိုက်ပေတဲ့ ကျနော့ရဲ့ယောကျာ်း မဟုတ်ဘူး သူစိမ်း.အဲ့ထပ်မပိုခဲ့ပေ။

"မင်းနဲ့ကိုယ်က စီးပွားရေးအတွက်လက်ထပ်ထားတာ မင်းမိသားစုအခြေအနေမင်းသိပါတယ် honey မမိုက် မဲစမ်းပါနဲ့"

"စိတ်မပူပါနဲ့ အကို ကျနော် အဲ့ဒီ့ပိုက်ဆံတွေအကုန်ပြန်ဆပ်မှာပါ အဲ့တာကြောင့်မလို့ ကွာရှင်းပေးပါ"

"Honey သဘောပဲ ဒါပေမယ့် အချိန်အကန့်သပ်တော့ရှိတယ် ၃နှစ်အတွင်း Dollor 500000 $ ကိုဆပ်ရမယ် မဟုတ်ရင်တော့ ကိုယ်လိုခြင်တာကိုဖြည့်စီးပေးရမယ်"

ထိုစကားကြောင့်ဝသုန်ထိုင်ရာကနေ့ထလိုက်ပြီးစားပွဲကိုထုချပြစ်လိုက်သည်။

ဒုန်း!!

ဆိုသည့်အသံက ကျယ်လောက်သွားပေမယ့် စက်ကတော့အေးဆေးပင်ထိုင်ကာ ဝသုန့်ကိုစိုက်ကြည့်နေသည်။

Coffeeဆိုင်တွင်ဖြစ်သည်ကြောင့် ဘေးနားကဧည့်သည်တွေကလဲ အလန့်တကြားဖြစ်သွားရသည်။

"ခင်ဗျား 3နှစ်ဆိုတာမနည်းလွန်းဘူးလား ကျနော့အလုပ်ကငွေအဲ့လောက် မစုနိုင်တာသိရဲ့သားနဲ့ အဲ့တာခင်ဗျားညစ်တာ! စက် မဟာမြတ်"

စက်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး

"တစ်ကယ်လို့၃နှစ်အတွင်းမပေးနိုင်ရင် ကိုယ်လိုခြင်တာဖြည့်စီးပေးလေ"

"ခင်ဗျားပြောကြည့်လိုက်"

"ကိုယ့်အတွင်းရေးမှူးလာလုပ်ရမယ် 10နှစ်တိတိ အဲ့တာပြီးရင်တော့ အကြွေးတွေကိုကျေအေးပေးမယ်"

ဝသုန်ခုံပေါ်ပြန်ထိုင်လိုက်ပြီး

"ဟုတ်ပြီလေ ကျနော်သဘောတူတယ် လောလောဆယ်တော့ ကွာရှင်းပေးပါ"

စက်သည် ဝသုန်ရှေ့က စာရွက်ကိုယူလိုက်ပြီး ကွာရှင်းလက်မှတ်ရေးဆွဲကာ ထိုင်ခုံကနေ့ထလိုက်သည်။ ကုတ်အကျီကြယ်သီးကိုတပ်လိုက်ပြီး ဝသုန့်ဘေးနားကိုလျှောလာခဲ့ကာခါးအနဲငယ်ကိုင်းလိုက်သည်။

My Ex-Husband Is My BossWhere stories live. Discover now