part4

3.3K 192 16
                                    

Unicoad

အိမ်ပြန်ရောက်တာနှင့် မေမေ့ကိုခါတိုင်းလိုပဲ အားလုံးအဆင်ပြေခဲ့ဟန်ပြုမူပေသည်။

"သားလေးပြန်ရောက်ပြီလား ဒီနေ့ဘယ်လိုလဲအဆင်ပြေလားဟင် မေမေ့သားလေး"

ဆိုပြီး ဝသုန့်လက်ကို ကိုင်ကာ အမေဖြစ်သူကမေးပေသည်။

"ပြေ ပါတယ်မေမေ..ဟိုဟာ...အကိုဟန်နေပါလာတယ် သူနိုင်ငံခြားကပြန်ရောက်လာပြီလေ"

"မဂ်လာပါအန်တီ"

ဆိုပြီးအိမ်ထဲဝင်လာလျှက်ဟန်နေက ဝသုန့်အမေကိုနှုတ်ဆက်လေသည်။
ဟန်နေ့လက်ထဲမှာလဲအိမ်အတွက်လက်ဆောင်တစ်ချို့ပါပေသည်။

"သားလေးဟန်နေ...ပြန်ရောက်ပြီပေါ့ လူကြီးကထွားလာလိုက်တာကြည့်စမ်းပါအုံး"

ဆိုပြီးဟန်နေ့ရဲ့လက်မောင်းကိုကိုင်ကာကြိုဆိုသည့်ဝသုန့်အမေဖြစ်သူသည် ဟန်နေပိုင်ကိုအရမ်းသဘောကျရသည်။

ဝသုန်ကိုငယ်ငယ်ကတည်းကညီလိုစောင့်ရှောက်လာပြီးဝသုန့်ကိုအမြဲဂရုစိုက်ပေးတတ်သည့်ဟန်နေသည်ဝသုန့်အိမ်နှင့်အရမ်းရင်းနှီးပေသည်။

"ဟုတ်ကဲ့အန်တီ ကျနော်ချောလာတယ်မလား "

"ဟုတ်တာပေါ့သားဟန်နေလေးကချောပြီးသား"

"အော်ဒီမှာ အန်တီနဲ့ ညီမလေး မိုးဆောင်းအတွက် လက်ဆောင်တွေပါခဲ့တယ် လက်ခံပေးပါနော်"

"ကလေးရယ် အများကြီးပဲ အန်တီတို့ကရပါတယ်"

ဟန်နေပိုင်လည်းဝသုန့်အမေရဲ့အားနားမှု့ကို အတင်းငြင်းပယ်ကာ လက်ဆောင်တွေကိဆြိုဖာပေါ်တင်ပေးလိုက်သည်။

"သားလေး ဟန်နေ မပြန်နဲ့အုံး ထမင်းစားသွား ဝသုန်က ရေချိုးပြီးဆင်းခဲ့ထမင်းစားမယ် သားလေးဟန်နေဝသုန့်အခန်းလိုက်သွားလို့ရတယ်နော်"

"ဟုတ်ကဲ့ပါအန်တီ".

ဝသုန့်အမေလည်းမီးဖိုချောင်သို့ဝင်သွားပေသည်။

.
.
.
ဝသုန်မိမိအခန်းသို့ဝင်လာပြီး ဟန်နေပိုင်လဲလိုက်ဝင်ခဲ့သည်။

ဝသုန့်အခန်းကသက်ရပ်ပြီး ဝသုန်မျက်နိုးတဲ့စာအုပ်လေးတွေကလည်းနေရာတကျတစ်စီတစ်ရီ အိပ်ရာခင်းကောခေါင်းအုံးက ဝသုန်ကြိုက်တဲ့ golden ဆိုသည့်ရွှေရောင် Themes လေးတွေကိုအသုံးပြုထားသည်။

My Ex-Husband Is My BossWhere stories live. Discover now